မြောက်ဦးမြို့ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA ထပ်မံတိုက်ခိုက်သိမ်းပိုက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ကထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဒုဗိုလ်ချုပ်ကြီးဂွမ်မော်အား ခြိမ်းခြောက်စာထုတ်သူမှာ သူမဟုတ်ကြောင်း ဦးရွှေမင်း ငြင်းဆို
မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် ယမန်နေ့က ပျံ့နှံ့ခဲ့သော KIO အရာရှိများနှင့် ဘာသာရေးဆရာများကို ခြိမ်းခြောက်ထားသည့်စာအတွက် မိမိတွင်တာဝန်မရှိကြောင်း ဦးရွှေမင်းက ငြင်းဆိုလိုက်သည်။
KIA သိမ်းပိုက်ထားသည့် နန့်တိန်စခန်းကို စစ်ကောင်စီစစ်ကြောင်းထိုး၊ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
ဖားကန့်မြို့ ကျောက်ဖျာကျေးရွာတွင် ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်ခဲ့ကြောင်းသိရသည်။
ကချင်လူငယ်တွေ တော်လှန်ရေးထဲပါဝင်ဖို့ KIA တိုက်တွန်း
ကချင်လူငယ်လူရွယ်တွေကို တော်လှန်ရေးမှာအင်တိုက်အားတိုက်ပါဝင်လာဖို့ ဒီကနေ့ ကျရောက်တဲ့ (၆၃) ကြိမ်မြောက်ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။ https://youtu.be/SpnrBB0C8RE?feature=shared
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရမည်ဟု KIO ပြော
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းပြီးနောက် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကျင်းပပြီး ပြည်သူအားလုံးလိုလားသည့် နိုင်ငံပြန်လည်တည်ထောင်သွားရမည်ဖြစ်ကြောင်း KIO ဥက္ကဋ္ဌက ပြောကြားလိုက်သည်။
စစ်ကောင်စီကြောင့် ခင်ဦးမြို့နယ်တွင် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေ၊ ဒေသခံ ငါးဦးခန့်ဖမ်းဆီးခံထားရဟုဆို
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးလာသောကြောင့် ယနေ့ နံနက် ငါးနာရီအချိန်ခန့်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
ကောလင်းမြို့ပြန်ရရေး စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ
တော်လှန်ရေးတပ်များကထိန်းချုပ်ထားသည့် ကောလင်းမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲကာ ဝင်ရောက်လာခြင်းဖြစ်ပြီး ဆီဆုံကျေးရွာနှင့် ညောင်ပင်သာကျေးရွာအနီးတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၃...
ဓာတ်တိုင်ကို လက်နက်ကြီးထိမှန်သဖြင့် ဖားကန့်တွင် သုံးရက်ခန့်မီးပြတ်နိုင်သည်ဟုဆို
တိုက်ပွဲဖြစ်ပွားနေချိန် ဓာတ်တိုင်ကို လက်နက်ကြီးကျည်ထိမှန်ခဲ့သောကြောင့် ဖားကန့်မြို့နယ်တွင် ယမန်နေ့မှစတင်ကာ လျှပ်စစ်မီးပြတ်တောက်မှုများရှိနေကြောင်း သိရသည်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုရှိ စစ်ရှောင်စာသင်ခန်းကို ဗုံးကြဲသဖြင့် ကလေး ၄ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စာသင်ကျောင်းတစ်ခုကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးခန့်...
ရွှေပြည်အေးမြို့ကို ပြန်လာတိုက်သည့် စစ်ကောင်စီပူးပေါင်းတပ် ထိခိုက်သေဆုံးမှုကြောင့် တပ်ဆုတ်ထွက်ပြေး၊ မြုပ်နှံထားသော စစ်ကောင်စီရုပ်အလောင်း ၁၅ လောင်းခန့်တွေ့ဟုဆို
ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများသောကြောင့် ပြန်လည်တပ်ဆုတ်ကာ ထွက်ပြေးသွားကြောင်းသိရသည်။
ဆိုင်ကယ်ချင်းယာဉ်တိုက်မှုဖြစ်ပြီးနောက် ဖခင်ဖြစ်သူက ကလေးကို ပစ်ကာထွက်ပြေးသွားဟုဆို
ဆိုင်ကယ်ချင်းယာဉ်တိုက်မှုဖြစ်ပြီးနောက် အသက်နှစ်နှစ်အရွယ် ကလေးဖြစ်သူကို အခင်းဖြစ်နေရာတွင် ချန်ထားကာထွက်ပြေးသွားသည့်ဖြစ်စဉ် ယနေ့ညနေ ၆ နာရီအချိန်ခန့်က ဗန်းမော်မြို့တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တန်ဖရဲချောင်းဆုံတွင် စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်ရန်ပြင်ဆင်နေသောကြောင့် ဒေသခံများကန့်ကွက်
ဧရာဝတီမြစ်ထဲစီးဝင်နေသည့် တန်ဖရဲချောင်းဆုံတစ်လျှောက် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ခွင့်ပြုချက်ဖြင့် ယခုလဆန်းပိုင်းမှ စတင်ကာ စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်းဒေသခံများထံမှသိရသည်။