News

မံစီတွင် စစ်ကောင်စီတပ်၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာပြင်းထန်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မံစီမြို့နယ်တွင် ယနေ့နံနက် ၁ နာရီခန့်က ပြည်သူငါးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးကောင်းတွင် အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရသည့် နောက်ဆက်တွဲအဖြစ် ခရစ်ယာန်ဘာသာရေးဆရာများအပါအဝင် ဒေသခံအချို့ထပ်မံဖမ်းဆီးခံရ

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရပြီးနောက် ယမန်နေ့ ညနေ ၃ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ဘာသာရေးဆရာအပါအဝင် ပြည်သူအများအပြားကို လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

လွတ်ရက်စေ့သဖြင့် ကချင်ပြည်နယ် NLD ဝန်ကြီးနှစ်ပါး ပြန်လည်လွတ်မြောက်လာ

မြစ်ကြီးနားအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ်စည်ပင်ဝန်ကြီး နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ လွတ်ရက်စေ့သဖြင့် ယနေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဖားကန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံတစ်ဦးသေ၊ ခြောက်ဦးထက်မနည်းဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ဖားကန့်မြို့၊ မော်မောင်းလယန်ကျေးရွာတွင် အမျိုးသမီးသေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နှစ်ပေါင်း ၇၀ ခန့်သက်တမ်းရှိ စိန်လုံတောင် ဗျူဟာကုန်းကို KIA သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

မိုးမောက်မြို့နယ်ရှိ  စိန်လုံတောင်စစ်ကောင်စီဗျူဟာကုန်းကို ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ဝိုင်းမော်တွင် စစ်ကောင်စီစစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်အထိနာသည်ဟုဆို

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်က ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေခွင့်မရသူများအတွက် ပြန်လည်ဖြေဆိုခွင့်ပြုမည်ဟု စစ်ကောင်စီပြော

လုံခြုံရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို လာမည့် ဧပြီလ ၂၉ ရက်နေ့မှစတင်ကာ ပြန်လည်ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ဖားကန့်တွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့

ဖားကန့်မြို့၊ မရှီကထောင်ကြိုးတံတားအနီး လွန်ခဲ့သောနှစ်ရက်၊ ညနေ ၆ နာရီခန့်က သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – ပူတာအိုလမ်းပိတ်သည့်ကာလ ကြာမြင့်လာသဖြင့်  ပူတာအိုတွင် စက်သုံးဆီပြတ်လပ်နေ

မြစ်ကြီးနား – ပူတာအိုလမ်းပိတ်နေသည်မှာ ရက်ပေါင်း ၂၀ ကျော်ကြာမြင့်လာပြီးနောက် ပူတာအိုခရိုင်အတွင်း စက်သုံးဆီ ပြတ်လပ်နေပြီဖြစ်ကြောင်း သိရသည်။

စီတာပူရပ်ကွက်တွင် လျှပ်စစ်ဝါယာကြိုးများဖြတ်တောက်ခိုးယူမှု မကြာခဏဖြစ်ပေါ်နေ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် လျှပ်စစ်ဝါယာကြိုးများဖြတ်တောက်ခိုးယူမှု မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။ ငွေပျော်ကောင်နယ်မြေရှိ နေအိမ်လေးအိမ်တွင် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ည မိုးသည်းထန်စွာရွာသွန်းချိန် လျှပ်စစ်မီးကြိုးများဖြတ်တောက်ခိုးယူခံခဲ့ရသည်ဟု အိမ်ရှင်တစ်ဦးက The...

နယ်စပ် ခြံစည်းရိုးများတွင် တရုတ်စစ်သားများက ပိတ်စအနီဖြင့် အမှတ်အသားပြုလုပ်နေ

မိုးမောက် – လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံက မိုင်ဂျာယာန်မြို့နှင့် လွယ်ဂျယ်မြို့တစ်လျှောက်ရှိ နယ်စပ်ခြံစည်းရိုးကို အနီရောင်ပိတ်စဖြင့် အမှတ်အသားပြုလုပ်နေကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို KIA ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထား

တရုတ် – မြန်မာနယ်စပ်ရှိ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယမန်နေ့ညမှစတင်ကာ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း ဒေသခံများထံက သိရသည်။