Month: February 2024

ကလေးတွင် တိုက်ပွဲများပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ရေးအရှိန်မြင့်တင်မည်ဟု ထုတ်ပြန်ပြီးနောက် မြို့အတွင်းရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် မုံရွာမြို့နယ်မှ မိန်းကလေးတစ်ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် မုံရွာမြို့နယ်တွင် ယမန်နေ့က ပြည်သူ ရှစ်ဦးဒဏ်ရာရရှိကာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ကိုက်ထိပ်ရွာအနီးတွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်မှုများကြောင့် ဒေသခံများ ကန့်ကွက်

KIA သိမ်းပိုက်ထားသော မံစီမြို့နယ် ကိုက်ထိပ်ကျေးရွာအနီးတွင် မြေရှားသတ္တုစတင်တူးဖော်လာမည်ကို ဒေသခံများစိုးရိမ်နေပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ ဗန်းမော်ဇုံနယ်မှ မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်ကြောင်းစာထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက KIA ပူးပေါင်းတပ်သိမ်းပိုက်ခဲ့သည့် မိုးမိတ်နှင့်မဘိမ်းမြို့ကို စစ်အုပ်ချုပ်ရေးကြေညာ

KIA ပူးပေါင်းတပ်သိမ်းပိုက်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိုးမိတ်နှင့် မဘိမ်းမြို့တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) နယ်မြေအဖြစ်ကြေညာကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

မံစီမြို့တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ညနေ ခြောက်နာရီခန့်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တမူးရှိ SNA နှင့် ကသည်းပူးပေါင်းတပ်တို့ တပ်စွဲထားသည့်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ရှမ်းနီအမျိုးသားများတပ် (SNA)နှင့် ကသည်းပူးပေါင်းတပ်ဖွဲ့တို့ တပ်စွဲထားသော တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အစပ်ရှိ ကမ္ဘာလုံးစေတီကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မော်လူးမြို့တွင် အမည်မသိအဖွဲ့ကဖမ်းဆီးခဲ့သည့် လူမှုကူညီရေးအသင်းဝင်နှစ်ဦးနှင့် အဆက်အသွယ်မရသေး

မော်လူးမြို့မှ မိုးကောင်းမြို့သို့ လူနာပို့ရန်သွားသည့် လူမှုကူညီရေးအသင်းဝင် နှစ်ဦး ဖမ်းဆီးခံထားရပြီး တစ်ပါတ်ကျော်ကြာမြင့်လာသည်အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။ အစာအိမ်ရောဂါနှင့် မူးယစ်ဆေးရှော့ခ်ဖြစ်ထားသည့် အရေးပေါ်လူနာရှိသည်ဟု ဆက်သွယ်လာသောကြောင့် လိုက်လံပို့ဆောင်ချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု...

ဝိုင်းမော်မြို့နယ် နောင်တာလောတွင် အချုပ်ကားတစ်စီး ပစ်ခတ်ခံရပြီးအချုပ်သားများ လွတ်မြောက်သွားဟုဆို

ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာတွင် မြစ်ကြီးနားမြို့မှပြန်လာသည့် အချုပ်ကားတစ်စီး ယနေ့ညနေ လေးနာရီခွဲအချိန်ခန့်က မြောင်းထဲထိုးကျသွားကာ အချုပ်သားအချို့လွတ်မြောက်သွားကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

“ရဲစခန်းကိုတော့ တိုက်ခိုက်သိမ်းလိုက်ပြီ၊ အခုက စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်”

KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို တိုက်ခိုက်နေပါတယ်။

ဝိုင်းမော်တွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ဝိုင်းမော်မြို့နယ် ခ.လ.ရ (၅၈) အနီး ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဝက်စာရှာထွက်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး အသက်သေဆုံးခဲ့ကြောင်း သိရသည်။

ဟိုပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၉ နာရီခန့်က ဟိုပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြေမြင့်ရပ်ကွက်တွင် မြောင်းပုပ်စော်နံသဖြင့် ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာများ အခက်တွေ့

လမ်းဘေးမြောင်းပုပ် အနံ့အသက်ဆိုးများခံစားနေရသဖြင့် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်နေပြည်သူများနှင့် လမ်းအသုံးပြုသူများက မြောင်းကိုအမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း သိရသည်။