Month: July 2024

ဝိုင်းမော်တွင် ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးကို စစ်ကောင်စီပူးပေါင်းတပ်ဖမ်းဆီး၊ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

ဝိုင်းမော်မြို့နယ်မှ သိက္ခာတော်ရဆရာတစ်ဦးကို စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်က ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် လာရောက်ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်မှ ရေဘေးသင့်ပြည်သူများ နေရာထိုင်ခင်းအတွက် အကူအညီလိုအပ်နေ

နေအိမ်များ ရေစီးနှင့်အတူမျောပါသွားသည့် ဝိုင်းမော်မြို့နယ်၊ တဲဝိုင်ကျေးရွာမှ ဒေသခံပြည်သူများ လက်ရှိအချိန်ထိ နေရာထိုင်ခင်းအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

မြေမြင့်ရပ်ကွက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် အနံ့အသက်ဆိုးများ ခံစားနေရသည်ဟုဆို

ဒေသခံပြည်သူများ စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များကြောင့် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ လမ်းသွယ် (၁၁) တွင် အနံ့အသက်ဆိုးများထွက်နေကြောင်း သိရသည်။

ဝိုင်းမော်မြို့ရှိ ဝူယန်ပြည်သူ့စစ်စခန်းပတ်ပတ်လည်ကို ကတုတ်ကျင်းများတူးနေ၊ ဖြတ်သွားဖြတ်လာများကိုလည်း ငွေကြေးကောက်ခံနေသည်ဟုဆို

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဝူယန်ကျေးရွာအနီးရှိတပ်စခန်းတစ်ဝိုက်ကို ယနေ့နံနက် ၆ နာရီချိန်ခန့်မှစတင်ကာ ဘက်ဟိုးများဖြင့် ကတုတ်ကျင်းတူးနေကြောင်း သိရသည်။

မြစ်ကြီးနားတွင် လက်ဝတ်ရတနာဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင်ရိုက်နှက်ခံရသဖြင့် ဒဏ်ရာပြင်းထန်

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လက်ဝတ်ရတနာဆိုင်တစ်ခု ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရပြီး ပြန်လည်ခုခံသည့်ဆိုင်ရှင် ရိုက်နှက်ထိုးကြိတ်ခံရသဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒီပဲယင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနှစ်ဦးသေ၊ လက်နက်အချို့သိမ်းမိ

ကင်းစောင့်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့နံနက် ရှစ်နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အတက်ရောဂါသည် အသက် ၁၆ နှစ်အရွယ်မိန်းကလေးကို အကြိမ်ကြိမ်မုဒိန်းကျင့်ခဲ့သည့် အမျိုးသားသုံးဦးကို ဖမ်းဆီးထား၊ အမှုဖွင့်အရေးယူရန်ပြင်ဆင်နေသည်ဟုဆို

မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်တွင် အတက်ရောဂါရှိသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို အကြိမ်ကြိမ်မုဒိမ်းပြုကျင့်ခဲ့သူများကို ဖမ်းဆီးထားပြီးအမှုဖွင့်အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။

လိုင်ဇာမြို့အနီးရှိချောင်းတွင် ရေစီးနှင့်အတူမျောပါလာသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းတွေ့

လိုင်ဇာမြို့အနီးရှိ ဂျယ်ယန့်ချောင်း (Je Yang Hka) တွင် ယနေ့နံနက်ပိုင်းက ရေစီးနှင့်အတူမျောပါလာသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နန့်မွန်းတွင် ဒေသခံများ၏ ပိုင်ဆိုင်မှုများ ခိုးယူခံနေရ

စစ်ကောင်စီပူးပေါင်းစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ရှိဒေသခံများ၏နေအိမ်များ ယခုရက်ပိုင်းအတွင်း မွှေနှောက်ခိုးယူဖျက်ဆီးခံနေရကြောင်း သိရသည်။

ဥရုချောင်းရေ မြင့်တက်လာသဖြင့် ဖားကန့်ဒေသခံများ ဘေးလွတ်ရာသို့ထပ်မံပြောင်းရွှေ့

ဖားကန့်မြို့ တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ဥရုချောင်းရေထပ်မံမြင့်တက်ခဲ့ပြီး ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့သောကြောင့် ဒေသခံပြည်သူများ ထပ်မံပြောင်းရွေ့ရကြောင်း သိရသည်။

ရေကြီးစဉ် ကမ်းပါးနှင့်အတူနေအိမ်မျောပါသွားသည့် ဝိုင်းမော်ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲဖြစ်နေ

မြစ်ရေကြီးချိန် ရေတိုက်စားမှုကြောင့် ခြံဝန်းမြေနေရာနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာရှိ ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် အကူညီများစွာလိုအပ်နေကြောင်း သိရသည်။