ဝိုင်းမော်မြို့နယ် နောင်တာလောတွင် အချုပ်ကားတစ်စီး ပစ်ခတ်ခံရပြီးအချုပ်သားများ လွတ်မြောက်သွားဟုဆို
ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာတွင် မြစ်ကြီးနားမြို့မှပြန်လာသည့် အချုပ်ကားတစ်စီး ယနေ့ညနေ လေးနာရီခွဲအချိန်ခန့်က မြောင်းထဲထိုးကျသွားကာ အချုပ်သားအချို့လွတ်မြောက်သွားကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
“ရဲစခန်းကိုတော့ တိုက်ခိုက်သိမ်းလိုက်ပြီ၊ အခုက စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်”
KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို တိုက်ခိုက်နေပါတယ်။
ဝိုင်းမော်တွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
ဝိုင်းမော်မြို့နယ် ခ.လ.ရ (၅၈) အနီး ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဝက်စာရှာထွက်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး အသက်သေဆုံးခဲ့ကြောင်း သိရသည်။
ဟိုပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်
ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၉ နာရီခန့်က ဟိုပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြေမြင့်ရပ်ကွက်တွင် မြောင်းပုပ်စော်နံသဖြင့် ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာများ အခက်တွေ့
လမ်းဘေးမြောင်းပုပ် အနံ့အသက်ဆိုးများခံစားနေရသဖြင့် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်နေပြည်သူများနှင့် လမ်းအသုံးပြုသူများက မြောင်းကိုအမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း သိရသည်။
မံစီမြို့နယ် သံတံတားကျေးရွာတွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်၊ ဒေသခံတစ်ဦး ပစ်သတ်ခံရ
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ မံစီမြို့နယ်တွင် ယမန်နေ့ ညနေ ငါးနာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲများကြောင့် တစ်ပတ်ခန့်ပိတ်ထားသည့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်း ပြန်ဖွင့်ပြီ
တိုက်ပွဲကြောင့်ပိတ်ထားသည့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပူတာအိုတွင် စစ်ကောင်စီတပ်ကိုလာဘ်ထိုးပြီး ရွှေတူးဖော်မှု ပိုများလာ
ပူတာအိုမြို့အခြေစိုက် ဗျူဟာတပ်ကို ငွေကြေးပေးကာ မချမ်းဘော့မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများနောက်တွင် ရွှေတူးဖော်မှုများပြုလုပ်နေကြောင်း သိရသည်။
မင်းပြားမြို့ရှိ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းကို AA တိုက်ခိုက်သိမ်းပိုက်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ယမန်နေ့ညက ထုတ်ပြန်ကြေညာခဲ့သည်။
တိုက်ပွဲဆက်လက်ပြင်းထန်နေသည့် ကောလင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်များထပ်မံပျက်စီး
စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် ကောလင်းမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ၏ နေအိမ်အချို့ ထပ်မံမီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။
ဖားကန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို လူတစ်စုက သေနတ်ပစ်ဖောက် ဖမ်းဆီးသွား
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်အုပ်ချုပ်ရေးမှူးကို ယနေ့ မွန်းလွှဲ ၁ နာရီခန့်က အရပ်ဝတ်နှင့် အမည်မသိလူတစ်စုက သေနတ်ပစ်ဖောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
စစ်ကောင်စီတပ်က ပုလဲ ပ.အ.ဖ ခေါင်းဆောင်၏ နေအိမ်အပါအဝင် အများအပြားကို မီးရှို့ဖျက်ဆီး
စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် ညီဖြစ်သူ၏ နေအိမ်အပြင် စစ်ကောင်စီဝန်ထမ်းအိမ်ယာများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။