ပူတာအိုတွင် ဖုန်းလိုင်းများအားလုံးပြတ်တောက်၊ အူရီဒူးဖုန်းလိုင်းသာပေါ်သော်လည်း ဖုန်းဆက်မရဟုဆို
ပူတာအိုခရိုင်အတွင်း ဖုန်းလိုင်းများပြတ်တောက်နေပြီး အူရီဒူးဖုန်းလိုင်းတစ်လိုင်းသာ ကွန်ရက်ချိတ်ဆက်ပုံပေါ်နေသော်လည်း ဖုန်းဆက်သွယ်မရကြောင်းသိရသည်။
တအာင်းတပ် (TNLA) နှင့် အချေအတင်ဖြစ်ပွားခဲ့သည့် ကာလိုင်ကျောင်းကို ဆက်လက်ဖွင့်လှစ်ထား၊ TNLA လက်အောက်ရှိ ကျောင်းတစ်ကျောင်းအဖြစ်ပြောင်းလဲဖွင့်လှစ်ရန် တိုက်တွန်းနေ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များက ကျောင်းဖွင့်လှစ်မှုကိုတားဆီးပိတ်ပင်ခဲ့သဖြင့် ဒေသခံများနှင့်အချေအတင်ဖြစ်ခဲ့သည့် ကွတ်ခိုင်မြိုနယ်၊ ကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းကို ယခုလ ၃ ရက်နေ့မှစတင်ဖွင့်လှစ်ထားသော်လည်း
စစ်ကောင်စီတပ်က မြစ်ကြီးနားတွင် ညမထွက်ရအမိန့်ချိုးဖောက်သူများကို ရုံးထုတ်စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်နေ
မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်က ညမထွက်ရအမိန့်နှင့် ဧည့်စာရင်းဥပဒေကို အသက်သွင်းအကောင်အထည်ဖော်ရန်ကြိုးပမ်းနေပြီး ယခုတစ်ပတ်အတွင်း ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကာ တရားစွဲဆိုပြစ်ဒဏ်ချမှတ်မှုများရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်က မြစ်ကြီးနားဒေသခံသုံးဦးကို လူမြင်ကွင်းတွင် ပစ်သတ်
မြစ်ကြီးနားမြို့၊ ဒူကတောင်ရပ်ကွက်တွင် ယနေ့ညနေ လေးနာရီခွဲခန့်တွင် ဆိုင်ကယ်စီးနင်းလာသော အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်သတ်ဖြတ်လိုက်ကြောင်းသိရသည်။
ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ငန်းခွင်တွင် မြေပြိုပြီး ၂၀ ကျော်သေဆုံး
ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းခွင်တစ်ခုတွင် ယမန့်နေ့ နံနက်ပိုင်း ၉ နာရီခန့်က မြေပြိုပြီး လူနှစ်ဆယ်ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
တီးတိန်မြို့တွင် စစ်ကောင်စီတပ်က နေအိမ် ၅၀ ထက်မနည်းကို မီးရှို့ဖျက်ဆီး၊ ဒေသခံထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေ
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်အလုံပေါင်း ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) တပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်
ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၅၈) ကို ယမန်နေ့ည ၇ နာရီခန့်တွင် (KIA) ပူးပေါင်းတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တအောင်းတပ် (TNLA) က ကျောင်းဖွင့်ရန်ခွင့်မပြုသဖြင့် ဒေသခံများနှင့်အချေအတင်ဖြစ်
ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာဒေသခံများက ကိုယ်ထူကိုယ်ကျောင်းဖွင့်လိုသော်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ခွင့်မပြုဘဲတားဆီးထားသဖြင့် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် နှစ်ဖက်အချေအတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူ ၃၀ နီးပါးအထိရှိလာ၊ ဒဏ်ရာရသူ ၄၀ ကျော်ရှိပြီ
စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သော စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှ မင်္ဂလာဆောင်တွင် သေဆုံးသူ ၂၉ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄၁ ဦးခန့်ရှိကြောင်း သိရသည်။
လွယ်ဂျယ်တွင် ရာဇဝတ်မှုကျူးလွန်သူများကို နှိမ်နင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများစတင်မည်ဟု KIO ပြော
မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ကို ဧပြီလ ၉ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်လွတ်မြောက်ရေးတပ် KIO က အုပ်ချုပ်ရေးအကူးအပြောင်းကာလတွင် ရာဇဝတ်မှုကျူးလွန်သူများကိုနှိမ်နင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများစတင်မည်ဟု ပြောသည်။ https://youtu.be/4EJiW08LADI
KIA နဲ့အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတပြော
တစ်လအတွင်း စစ်ကောင်စီစခန်း ၆၀ ထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့ KIA နဲ့အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
မိုးမောက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်
မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်များ ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။