လိုင်းကြေးကောက်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုးညှင်းမြို့ရှောင်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ရသဖြင့် နှစ်ဦးသေဆုံးဟုဆို
စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယမန်နေ့ညနေ ၆ နာရီခန့်က မိုးညှင်းမြို့၊ မြို့ရှောင်လမ်းတွင် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မြစ်ဆုံအထက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသဖြင့် ယခုရက်ပိုင်း မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေဟုဆို
မြစ်ကြီးနားမြို့အထက်ပိုင်း ဆွမ်ပရာဘွမ်လမ်းပေါ်တွင် ယခုရက်ပိုင်း KIA နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများနှင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။ မြစ်ဆုံအထက်ပိုင်းရှိ...
ထိုင်းနိုင်ငံတွင် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် မနောင်ပွဲကျင်းပပြုလုပ်
ယနေ့ကျရောက်သည့် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် မနောင်ပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်းရှိ ထန်ငေါ့တောင်ပေါ်တွင် မနောင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရယူထားသောအာဏာကို တိုင်းပြည်ငြိမ်းချမ်းရေးအတွက်သာ အသုံးပြုရန် KIO ဥက္ကဋ္ဌပြော
အာဏာသိမ်းစစ်ခေါင်းဆောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရယူထားသောအာဏာအား တိုင်းပြည် ငြိမ်းချမ်းရေးအတွက်သာ အကျိုးရှိရှိအသုံးချရန်နှင့် ငြိမ်းချမ်းရေးကို စစ်မြေပြင်တွင် မရှာဖွေရန် KIO ဥက္ကဋ္ဌက ပြောကြားလိုက်သည်။
စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ကန့်ဘလူမြို့နယ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲပြီး နေအိမ်အချို့ကို ဝင်ရောက်မီးရှို့သွားဟုဆို
ကန့်ဘလူမြို့နယ်၊ ချင်းမြစ်ကျင်း – ကာဘိုးလမ်းပိုင်းကို ကင်းယူရန်ထွက်လာသော စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိသဖြင့် အနီးအနားရှိကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် ဝင်ရောက်မီးရှို့ခြင်းများပြုလုပ်ခဲ့ရာ ပြည်သူသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဗန်းမော်တွင် တပ်စခန်း သုံးခုသိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်ပြန်လည်ခုခံနေဟုဆို
ဗန်းမော်မြို့သိမ်းတိုက်ပွဲ နှစ်လတာအတွင်း စစ်ကောင်စီတပ်စခန်း ၃ ခုထက်မနည်းသိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်က မြို့မကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုဖြင့် အပြင်းအထန်ခုခံနေကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်တွင် တစ်လအတွင်း သေဆုံးသူ ၃၀ ကျော်ရှိ
စစ်ကောင်စီတပ်က ဇန်နဝါရီ တစ်လအတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့သဖြင့် ပြည်သူ ၃၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
လမ်းတွင်တားဆီးစစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးကို ရိုက်နှက်
မြစ်ကြီးနားမြို့ပြင်၊ နောင်နန်းအုပ်စုတွင် ညအချိန် လမ်းမပေါ်လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သွားဖြတ်လာပြည်သူအချို့ကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကိုရိုက်နက်ခဲ့ကြောင်း သိရသည်။
ဖားကန့်တွင် မြေစာ ထပ်မံပြိုကျသဖြင့် သုံးဦးသေဆုံး
ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခန့်က မြေစာပြိုကျခဲ့သောကြောင့် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်ထားသည့် လေဆိပ် ခြောက်ခုအထိရှိလာ
ဗန်းမော်မြို့လေဆိပ်ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် လေဆိပ်ပေါင်း ၆ ခုအထိရှိလာပြီဖြစ်သည်။
ကချင်အထူးဒေသ (၁) ကို KIA သိမ်းပိုက်၊ တရုတ်က တိုက်ပွဲမဖြစ်ဖို့ KIA ကို ထပ်ပြီးသတိပေး
(တစ်ပတ်တာတိုက်ပွဲသတင်း)
လမ်းပျက်စီးနေသောကြောင့် မြစ်ကြီးနား – တနိုင်းလမ်းကို တစ်ညအိပ်ခရီးသွားနေရ
အဆက်မပြတ်မိုးရွာသွန်းမှုနှင့် ပြင်ဆင်ထိန်းသိမ်းမှုအားနည်းသောကြောင့် နေရာဆယ်ခုခန့်တွင် လမ်းပျက်စီးနေသဖြင့် ကုန်တင်ကားနှင့် ခရီးသည်ကားများမှာ ဆင်နှင့် ဘူဒိုဇာကားများ၏အကူအညီဖြင့် သွားလာနေရခြင်းဖြစ်သည်။