Month: June 2024

ဖားကန့်တွင် စက်သုံးဆီဈေးတစ်ဆခန့် မြင့်တက်၊ ဈေးတင်ပြီး မရောင်းရန်ဒေသခံများလိုလား

ဖားကန့်မြို့တွင် စက်သုံးဆီကို ယခင်ကထက် စျေးကြီးပေးဝယ်နေရပြီး အချို့ဆီပန့်ဆိုင်ကြီးများမှာ ပိတ်သွားပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နေရာယူထားသော ဘုန်းကြီးကျောင်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ပြီး ဒေသခံများကို ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသောနေရာတစ်ခုကို KIA ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီကဖမ်းဆီးထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်ဆက်လက်တိုက်ခိုက်ခံရ

စစ်ရေးတင်းမာနေသည့် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် ယမန်နေ့ညနေ ၄ နာရီခန့်ကလည်း KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးအများအပြားသိမ်းဆည်းရမိသည်ဟု TNLA ထုတ်ပြန်

တအာင်းတပ် (TNLA) တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ခ.မ.ရ (၁၁၅) နှင့် နောင်ချိုမြို့မရဲစခန်းတို့မှ မူးယစ်ဆေးဝါး အများအပြားနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဥရုချောင်းထဲရေဆင်းချိုးသည့် ယောကျာ်းလေးနှစ်ဦး ပျောက်ဆုံးနေ

ဥရုချောင်းထဲ ရေဆင်းကစားနေစဉ်ပျောက်ဆုံးသွားသည့် ယောက်ျားလေးနှစ်ဦး သုံးရက်ခန့်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း သိရသည်။

နန့်မွန်းဘုရားကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

နန့်မွန်းဘုရားကျောင်းဝင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ်ကို ဇွန်လ ၂၇ ရက် ည ၈ နာရီခန့်တွင် KIA ပူးပေါင်းတပ်က ဒရုန်းဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်ကချင်ဓမ္မကောလိပ်ကို မှတ်ပုံတင်ရန်မှားယွင်းပြောဆိုခဲ့သဖြင့် TNLA တောင်းပန်

ကွတ်ခိုင်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ကျမ်းစာကျောင်းကို PSLF/TNLA ထံ ကျောင်းမှတ်ပုံတင်လိုင်စင် ပြုလုပ်ရန် ယမန်နေ့ညက မှားယွင်းပြောဆိုမိခဲ့သဖြင့် ယင်းအဖွဲ့ကပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

လူပေါင်း ၃၀ ကျော်ပျောက်ဆုံးခဲ့သည့် ပန်ဝါမြေရှားသတ္တုတွင်း မြေပြိုမှုအတွက် ရှာဖွေမှုများရပ်ဆိုင်း

လူ ၃၀ ကျော်ပျောက်ဆုံးခဲ့သည့် ပန်ဝါမြို့အနီးရှိ မြေရှားသတ္တုလုပ်ကွက် မြေပြိုမှုတွင် ရုပ်အလောင်း ၃၀ ကျော် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရှာဖွေမှုရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။

One 168 တွင် အောင်လအင်ဆန်နှင့် ရှုံးပွဲမရှိစံချိန်တင်ထားသူ တူရကီနိုင်ငံသားနှင့် ထိုးသတ်မည်

သိုင်းပေါင်းစုံ (MMA) ကချင်ကစားသမား အောင်လအင်ဆန် နှင့် တူရကီနိုင်ငံသားတစ်ဦးတို့ လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ယမန်နေ့နံနက် ၁၀ နာရီခန့်က ဖားကန့်မြို့၊ ဆိပ်မူကျေးရွာနှင့် မှော်ရှန်ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံအချို့လည်း တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ကွတ်ခိုင်ဓမ္မကောလိပ်ကို ကျောင်းလိုင်စင်ပြုလုပ်ရန် TNLA အမိန့်ပေး

ကွတ်ခိုင်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ကျမ်းစာသင်ကျောင်းကို PSLF/TNLA ထံ ကျောင်းမှတ်ပုံတင်လိုင်စင်ပြုလုပ်ရန် ယမန်နေ့ညနေ ၅ နာရီခွဲခန့်တွင် လာရောက်ပြောဆိုသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်များဝင်လာသဖြင့် ထွက်ပြေးသွားသည့်ဒေသခံများ အမြန်ပြန်လာရန် အတင်းအကြပ်ခြိမ်းခြောက်ခံနေရ

စစ်ကောင်စီပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်သွားသည့် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းကျေးရွာ ဒေသခံပြည်သူများ နေရပ်အမြန်ပြန်လာရန် ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။