လာရောက်လည်ပတ်သူ နည်းပါးသဖြင့် အောင်မြင်သာအပန်းဖြေစခန်းမှ ဆိုင်အများစုပိတ်ထားရသဖြင့် ဆိုင်ရှင်များ အခက်တွေ့

အောင်မြင်သာကျေးရွာရှိ အပန်းဖြေစခန်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ လာရောက်လည်ပတ်သူ နည်းပါးလာသောကြောင့် စားသောက်ဆိုင်အများစုမှာ ပိတ်ထားရကြောင်း သိရသည်။

ဖားကန့်တွင် မြေစာပြိုပြီး ရေမဆေးသမားတစ်ဦးသေဆုံး

စွန့်ပစ်မြေစာပုံပြိုကျသောကြောင့် ယမန်နေ့ နံနက် ၉ နာရီခန့်က ဖားကန့်မြို့နယ်၊ မနကျေးရွာတွင် ရေမဆေးသမားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မဂျီဂုံဗျူဟာကုန်းကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည့် မံစီမြို့နယ်၊ မဂျီဂုံဗျူဟာကုန်းကို ယနေ့နေ့လယ် ၁၂ နာရီခန့်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် နေအိမ်မီးရှို့သည့် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်တို့ တိုက်ခိုက်ခံရပြီး အများအပြားသေ၊ အချို့အရှင်ဖမ်းမိ

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်နှင့် SNA တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရပြီး အများအပြားသေဆုံးကာ ငါးဦးထက်မနည်းကို အရှင်ဖမ်းဆီးရရှိထားကြောင်း သိရသည်။ တာမခန်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် ကသိုဏ်းတောင်စခန်းမှ စစ်ကူလာသည့်...

ကနီမြို့သိမ်းတိုက်ပွဲအတွက် တော်လှန်ရေးတပ်ဖွဲ့များက အပြင်းအထန်ဆက်လက်ထိုးစစ်ဆင်နေ

ကနီမြို့သိမ်းတိုက်ပွဲဆင်နွဲရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီမှ အကြီးတန်းဝန်ထမ်းနှစ်ဦးနှင့် ကျောက်လုပ်ငန်းရှင်တစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

ဖားကန့်မြို့နယ်တွင် ယမန်နေ့ညက ကျောက်စိမ်းကုမ္ပဏီဝန်ထမ်းအပါအဝင် အမျိုးသားသုံးဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားကြောင်းသိရသည်။

မြစ်ကြီးနားတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်က အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး နေရာတွင်သေဆုံးသွားကြောင်း သိရသည်။

မဂျီဂုံဗျူဟာကုန်းကနေ အမြောက်နဲ့ လက်နက်ခဲယမ်းတွေ KIA သိမ်းဆည်းရမိ

KIA ပူးပေါင်းတပ်ဟာ စစ်ကောင်စီ မဂျီဂုံဗျူဟာကုန်းသိမ်းပိုက်ပြီးနောက် စခန်းကနေ ဟောင်ဝစ်ဇာအမြောက်နှစ်လက်နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

မြစ်ကြီးနားတွင် ကုန်တင်ယာဉ်နှင့် အိမ်စီးကားတစ်စီးတိုက်မိ

ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားလေ့ရှိသော မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ ယူနန်ဘုံကျောင်းလမ်းဆုံတွင် ယနေ့ နံနက် ၉ နာရီခန့်က ကုန်တင်ယာဉ်နှင့် အိမ်စီးကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ (၇) မြို့ကို ထိန်းချုပ်ထား

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့က ထပ်မံသိမ်းပိုက်ခဲ့ပြီး စုစုပေါင်း မြို့ (၇) မြို့ကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်းသိရသည်။

တာမခန်တွင် စခန်းသိမ်းခံခဲ့ရသည့် စစ်ကောင်စီတပ်က ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီပူးပေါင်းတပ်များ၏ မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိ ရပ်ကွက်ငါးခုထက်မနည်းတွင် မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိလည်း မီးလောင်နေဆဲဖြစ်ကြောင်း သိရသည်။

တရားမဝင်ရွှေတူးခွင့်ပြုရန် စစ်ကောင်စီတပ်က ငွေကြေးကောက်ခံသော်လည်း ရွှေတူးခွင့်မပေးဘဲ ပိုက်ဆံလည်း အပြည့်ပြန်မပေး

မချမ်းဘော့စစ်ကောင်စီဗျူဟာသို့ငွေးပေးသွင်းကာ မလိခမြစ်အတွင်း ရွှေတူးဖော်နေသူများကို ရပ်ဆိုင်းခိုင်းလိုက်ပြီး ကောက်ခံထားသည့် ငွေတစ်ဝက်ခန့်ပင် ပြန်မပေးကြောင်း သိရသည်။