ဖားကန့်တွင် စစ်ကူလာသည့်စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး၊ အရှင်ဖမ်းမိထားသူများလည်းရှိသည်ဟုဆို

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၈ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ပြီး အရှင်ဖမ်းမိထားသူများလည်းရှိကြောင်း သိရသည်။

မြေစာသွန်ချိန် လွင့်စင်လာသည့် ကျောက်ခဲမှန်ပြီး ရေမဆေးသမားတစ်ဦး သေဆုံး

မြေစာသွန်ချိန် ကျောက်ခဲမှန်သဖြင့် ယနေ့ နံနက် ၁၀ နာရီခန်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင် ရေမဆေးသမား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၁၁ ဦးထက်မနည်းကို အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ထား

တန့်ဆည်မြို့နယ် တောင်ကျောင်းကျေးရွာတွင် စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာ နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန် ကံထူးမရဲစခန်းတွင် ဖမ်းဆီးခံထားရသူ နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးကိုအပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ထားသည့် ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်မှုတွင်ပါဝင်ခဲ့ဟု စစ်ကောင်စီတပ်သားတစ်ဦး ဝန်ခံ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဘားဘူတောင်အုပ်စုရှိ ငတန်ပျင်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ကာ လည်လှီးသတ်ဖြတ်ခဲ့ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ၏ ဝန်ခံထွက်ဆိုထားသည့် ရုပ်သံဖိုင်ကို ယမန်နေ့ညက ရက္ခိုင့်တပ်တော် (AA) ထုတ်ပြန်ခဲ့သည်။

မံစီမြိုနယ်က မဂျီဂုံဗျူဟာကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

မံစီမြို့နယ်၊ တမော်ကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်၏ မဂျီဂုံဗျူဟာကုန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်က ယနေ့ မွန်းလွှဲ နှစ်နာရီကျော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် လက်နက်ကြီးကို ကျောက်ခဲဖြင့်ထုရိုက်သောကြောင့်ပေါက်ကွဲကာ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မပေါက်ကွဲသေးသည့် လက်နက်ကြီးကိုကျောက်ခဲဖြင့်ထုရိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ယနေ့ နံနက် ၈ နာရီခန့်က ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာတွင် အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

SNA နှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က ခရီးသွားလူငယ်များကို ဖမ်းဆီးနေ

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က မိုးညှင်းနှင့်မိုးကောင်းနယ်စပ်တွင် ကချင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူများမှလွဲပြီး အခြားခရီးသွားလူငယ်အမျိုးသားများကို ဖမ်းဆီးစစ်ဆေးကာ စစ်ကောင်စီတပ်သို့ ပို့ဆောင်နေကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားနေသော တာမခန်ကျေးရွာကို စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီး

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသော ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ယနေ့နံနက် ရှစ်နာရီခန့်မှစတင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။

မုံရွာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက လေးရက်ဆက်တိုက်မီးရှို့သဖြင့် နေအိမ် ၄၀၀ ကျော်ပျက်စီး

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မုံရွာမြို့နှင့်အနီးတစ်ဝိုက်ကို စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက လေးရက်ဆက်တိုက် လိုက်လံမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသူများကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်သတ်ဖြတ်မှုများရှိခဲ့ကြောင်း AAPP ပြော

စစ်တပ်အာဏာသိမ်းကာလ သုံးနှစ်တာအတွင်း နိုင်ငံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က အမျိုးသမီး ၅၅၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ၂၂ ဦးထက်မနည်းကိုအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့...

ပန်ဝါတွင် စစ်မှုမထမ်းမနေရဥပဒေ ကြိုဆိုပွဲပြုလုပ်

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အခြေစိုက်သည့် ချီဖွေမြို့နယ်၊ ပန်ဝါမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်က ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံကြိုဆိုပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်တွင် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု စီးနင်းခံရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံး

မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု ယမန်နေ့နံနက် ၃ နာရီခန့်က အလစ်ဝင်ရောက် စီးနင်းတိုက်ခိုက်ခံရသဖြင့် တပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။