ရက္ခိုင့်တပ်တော်(AA)က မြောက်ဦးအခြေစိုက်စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်း တိုက်ခိုက်သိမ်းပိုက်
ရက္ခိုင့်တပ်တော်(AA)က မြောက်ဦးအခြေစိုက်စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းအား ဇန်နဝါရီလ (၃၀) ရက်နေ့ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
မြစ်ကြီးနားတွင် ကားတစ်စီးလမ်းလယ်ကျွန်းတိုက်ပြီး တိမ်းမှောက်၊ ကားပေါ်ပါလာသူအားလုံးထွက်ပြေး
မြစ်ကြီးနားမြို့တွင် ယနေ့နံနက် ၁၂ ခန့်က အိမ်စီးကားတစ်စီးလမ်းလယ်ကျွန်းကိုတိုက်ကာ တိမ်းမှောက်သွားပြီး ကားပေါ်စီးနင်းလိုက်ပါလာသူများ ထွက်ပြေးသွားကြောင်း သိရသည်။
နေအိမ်တွင်တစ်ဦးတည်းရှိနေသည့် အမျိုးသမီးတစ်ဦးကို အမျိုးသားကိုးဦး ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွား
နေအိမ်တွင်တစ်ဦးတည်းရှိနေသည့် နောင်နန်းဒေသခံသက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားကိုးဦး ယနေ့ညနေ ၆ နာရီခန့်က ဝင်ရောက်ရိုက်နှက်သွားကြောင်း သိရသည်။
K၊ E နဲ့ Happy Water က ခန္ဓာကိုယ်ကို ဘယ်လိုဆိုးကျိုးတွေပေးနေလဲ
Happy Water အပါအဝင် E (ecstasy)၊ K (ketamine) လို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ်တွေကြား ရေပန်းစားလာခဲ့ပါတယ်။
မြစ်ကြီးနားမြို့တွင် ဈေးရောင်းပွဲအတုပြုလုပ်နေပြီး ဝန်ထမ်းများက လမ်းပေါ်ထွက်ကာ မြက်နှုတ်၊ အမှိုက်ကောက်နေဟုဆို
အာဏာသိမ်း သုံးနှစ်ပြည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်နေသော အသံတိတ်သပိတ်နေ့တွင် မြစ်ကြီးနားမြို့တွင် သက်သာဈေးဆိုင်များနှင့် ဈေးရောင်းပွဲများပြုလုပ်နေကြောင်း သိရသည်။
ဖားကန့်တွင် အနှိပ်ခန်းမှစတင်မီးလောင်သဖြင့် နေအိမ်သုံးလုံးပျက်စီး
ဖားကန့်မြို့၊ လုံးခင်းအုပ်စု လယ်ပြင်ကျေးရွာတွင် ယမန်နေ့ ညနေ (၂) နာရီက လူနေအိမ် (၃) လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ ကြောင်းသိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ ခန့်သေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ နီးပါးသေဆုံး
ကရင်နီပြည်နယ်တွင် စစ်တပ်အာဏာသိမ်းထားသည့် သုံးနှစ်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်နီးပါးသေဆုံးခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင် ငါးရာနီးပါးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ပူတာအိုဆေးရုံကြီးတွင် ဆီးချိုဝေဒနာရှင်တစ်ဦး ဆေးကုသမှုခံယူရန် အကူအညီလိုအပ်နေ
ခါးတွင် ပြည်တည်နာများဖြစ်ကာ ဆေးကုသမှုခံယူနေရသည့် ပူတာအိုမြို့နယ်၊ နမ်ဖန်ကျေးရွာမှ ဆီးချိုဝေဒနာရှင်အမျိုးသားတစ်ဦး ဆေးကုသမှုခံယူရန် ငွေကြေးအကူအညီလိုအပ်နေကြောင်းသိရသည်။
အာဏာသိမ်း သုံးနှစ်ကာလအတွင်း စစ်ကောင်စီ၏သတ်ဖြတ်မှုကြောင့် ပြည်သူ လေးထောင်ကျော်သေဆုံး၊ တစ်ဝက်ခန့်မှာ စစ်ကိုင်းတိုင်းမှဖြစ်
အာဏာသိမ်းသုံးနှစ်တာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူစုစုပေါင်း လေးထောင်ကျော် သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရသိရသည်။
မြစ်ကြီးနားတွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု သုံးခုဖြစ်၊ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်
မြစ်ကြီးနားမြို့တွင် ယမန်နေ့က တစ်ရက်အတွင်း ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှု သုံးခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်ကာ အချို့ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။