အာဏာသိမ်းသုံးနှစ်တာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူစုစုပေါင်း လေးထောင်ကျော် သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရသိရသည်။

အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် အရေအတွက်ဖြစ်ပြီး စုစုပေါင်း ၄၄၇၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သတ်ဖြတ်ခံခဲ့ရသည့် လူဦးရေလေးထောင်ကျော်တွင် ကလေးသူငယ် ၅၄၈ ဦးနှင့် အမျိုးသမီး ၇၇၅ ဦးပါဝင်ကြောင်းသိရသည်။

တိုင်းနှင့်အပြည်နယ်အလိုက် သေဆုံးမှုရာခိုင်နှုန်းကို နှိုင်းယှဉ်ကြည့်ပါက စစ်ကိုင်းတိုင်းတွင်အများဆုံးဖြစ်ပြီး နှစ်ထောင်နီးပါးရှိသည်။

ထို့အပြင် စစ်ကောင်စီအာဏာသိမ်းချိန်မှစပြီး ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက် နှစ်သောင်းခွဲကျော် (၂၅၉၃၁) ဦးထဲမှ နှစ်သောင်းနီးပါး (၁၉၉၉၃ ဦး) မှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP ၏ထုတ်ပြန်ချက်အရသိရသည်။

သတင်း – Thu Ta

 

သင့်ထင်မြင်ချက်ရေးပေးပါ