ဖားကန့်

စစ်ကောင်စီစခန်းနှစ်ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့အဝင်ရှိ စစ်ကောင်စီစုပေါင်းစစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်း

တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသည့် ဖားကန့်မြို့၏ မြို့အဝင်စုပေါင်းစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် (၁၀) ခန့်မှ စတင်ကာ ဖြုတ်သိမ်းလိုက်ကြောင်း သိရသည်။

ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်အတွင်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

ဖားကန့်မြို့ အေးမြသာယာအုပ်စု ဆိုင်းဂျာဘွမ်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေကန်အတွင်း ယနေ့ မွန်းတည့် (၁၂) နာရီခန့်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသောနေရာများတွင် အရှိန်လျှော့ကုန်းများ ပြုလုပ်နေ

တော်လှန်ရေးပူးပေါင်းတပ်များ မကြာခဏတိုက်ခိုက်လေ့ရှိသည့် ဖားကန့်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသောနေရာများအနီးတွင် အရှိန်လျှော့ကုန်း (slow down) များပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့ မှော်စီစာကျေးရွာတွင် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ယနေ့ ညနေ‌ လေးနာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသိရသည်။

ဖားကန့်အခွန်ဦးစီးမှူးနှင့် ဒုဦးစီးမှူးကို အမည်မသိအဖွဲ့က ဖမ်းဆီး

ဖားကန့်မြို့နယ် အခွန်ဦးစီးရုံးမှ ဦးစီးမှူးနှင့် အခြားတစ်ဦးကို အောက်တိုဘာလ ၉ ရက် ညနေ ပိုင်းတွင် အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဂေါက်ကွင်းရေကန်တွင် သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းပြန့်တွေ့

ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ ဂေါက်ကွင်းရေကန်တွင် ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်း ယနေ့ နံနက် ၉ နာရီခန့်က ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် ရွှေဆိုင်ဓားပြတိုက်ခံရပြီး သိန်း ၅၀၀၀ ကျော်ဖိုး ရွှေများပါသွား

တစ်ရက်အတွင်း အမျိုးသားနှစ်ဦးပစ်သတ်ခံခဲ့ရသည့် ဖားကန့်မြို့နယ်တွင် ယနေ့ မွန်းလွှဲ ၂ နာရီခန့်က ရွှေဆိုင်ဓားပြတိုက်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်မြို့နယ်တွင် ယနေ့တစ်ရက်အတွင်း အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ ဖားပြင်ကျေးရွာမှ ဆန်းကြွယ်ကျေးရွာသို့သွားသော လမ်းတွင် ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က ဈေးသည်တစ်ဦး ဦးခေါင်းတွင်...

ဖားကန့်တွင် အချဉ်ပေါင်းသည်တစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့ လုံးခင်းအုပ်စု ကုဋေကျေးရွာတွင် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က အချဉ်ပေါင်းသည် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

ဆိုင်းတောင်ရဲစခန်းက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံ အချို့ဒဏ်ရာရ

ဖားကန့်မြို ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က ပစ်ခတ်သံများကြားခဲ့ရပြီး ဒေသခံပြည်သူတို့၏ နေအိမ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ရေခဲချောင်းသည်တစ်ဦး ပစ်သတ်ခံရ၊ ရေခဲချောင်းသည်အဖြစ်ဟန်ဆောင်ထားသော စစ်ကောင်စီသတင်းပေးဟုဆို

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု၊ ကထန်ကျေးရွာတွင် ရေခဲချောင်းသည် အမျိုးသားတစ်ဦး ယမန်နေ့ နေ့လယ် နှစ်နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။