ဖားကန့်

ဖားကန့်တွင် မူးယစ်ဆေးဝါးရောင်းချသူများကို KIA ဖမ်းဆီး

ဖားကန့်မြို့အတွင်းရှိ အမှိုက်ပုံများအနီး မူးယစ်ဆေးဝါးရောင်းချနေသူများကို ယမန်နေ့ညနေ ၅ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

လမ်းဘေးရှိဓာတ်တိုင်ကျိုးကျသဖြင့် ဖားကန့်တွင် အမျိုးသားတစ်ဦးသေဆုံး

မိုးသည်းထန်စွာရွာသွန်းသောကြောင့် လမ်းဘေးဓာတ်တိုင်ကျိုးကျသဖြင့် ဖားကန့်မြို့ ဆိပ်မူအုပ်စု မှော်ရှန်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခန့်က အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခံခဲ့ရသည့် ဒေသခံများ လွတ်မြောက်လာခြင်း မရှိသေး

စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသော ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှ ပြည်သူ ၃၂ ဦး ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ဖားကန့်တွင် ဒေသခံ ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က ပေါ်တာဆွဲ

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေပြီး ဆယ်ဦးခန့်ဒဏ်ရာရသည်ဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့က ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားချိန် KIA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်တွင် အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်

စစ်ကောင်စီစခန်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် ယနေ့ မွန်းလွှဲ သုံးနာရီအချိန်ခန့်က ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ရေးတင်းမာနေသည့် ဒေသအတွင်း ပြည်သူများ သတိထားသွားလာရန် KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံပြော

ကချင်ပြည်နယ်ရှိ ဒေသအချို့တွင် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံပြည်သူများကို သတိထားသွားလာရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက အသိပေးပြောကြားသည်။

ဖားကန့်တွင် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ဆိုင်ကယ်လုယက်မှုဖြစ်ပွား၊ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းပေးစေလိုသည်ဟုဆို

သေနတ်ထောက်ကာ ဆိုင်ကယ်လုယက်မှု ယမန်နေ့ညနေ ၄ နာရီခန့်က ဖားကန့်မြို့ အေးမြသာယာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၉ နာရီခန့်မှ စတင်ကာ ဖားကန့်မြို့ နန့်ယားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် KTV မန်နေဂျာတစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ KTV ဆိုင်မှ မန်နေဂျာတစ်ဦး ယမန်နေ့ည ၁၀ နာရီခန့်က ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသားနှစ်ဦး နှိပ်စက်သတ်ဖြတ်ခံရ

လက်ပြန်ကြိုးတုတ်ကာ ဦးခေါင်းတွင်သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ ယူမာကျေးရွာအတွင် ယနေ့ နံနက်က တွေ့ရှိခဲ့ကြောင်း သိရသည်။

ကမ်းပါးပြိုကျသဖြင့်ရေလှိုင်းနှင့်အတူ မျောပါပျောက်ဆုံးခဲ့သူအများစု၏ ရုပ်အလောင်းများပြန်တွေ့

ကျောက်စိမ်းတူးဖော်နေသည့် ကမ်းပါးပြိုချခဲ့ရာမှရေလှိုင်းရိုက်ခတ်သဖြင့် မျောပါပျောက်ဆုံးခဲ့သူများထဲမှ ရုပ်အလောင်း ၃၃ လောင်းကို ပြန်လည်တွေ့ရှိထားပြီဖြစ်ကြောင်းသိရသည်။