Month: August 2023

မိုးညှင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

တွဲကားကိုကျော်တက်သည့်ဆိုင်ကယ်တစ်စီး ခရီးသည်တင်ကားကိုတိုက်မိသောကြောင့် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က မိုးညှင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုးမောက်တွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံတစ်ဦးကို သတ်ဖြတ်၊ ၁၀ ဦးထက်မနည်းကို ပေါ်တာဆွဲ

မိုးမောက်မြို့သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့က ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် စစ်ကြောင်းနှင့်အတူဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ ၁၀ ဦးမှ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ကိုးကန့် (MNDAA) တပ်က လူသစ်စုဆောင်းစဉ် ပြည်သူတစ်ဦးကို ပစ်သတ်

အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) က ယမန်နေ့ ည ၈ နာရီခန့်က တပ်သားသစ် စုဆောင်းနေစဉ် ကွတ်ခိုင်မြို့နယ်မှ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသားတစ်ဦး ဓားထိုးသတ်ဖြတ်ခံရ

ဖားကန့်မြို့၊ မရှီကထောင်ကျေးရွာတွင် ယနေ့နံနက် ၅ နာရီခန့်က ဓားဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က မြစ်ကြီးနား-ဗန်းမော်လမ်းကို ပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းနေကြောင်း KIO ပြော

မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသောကြောင့် စစ်ရေးဆက်လက်တင်းမာနေကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သစ်ခိုးထုတ်သည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်၊ လက်နက်အချို့ သိမ်းဆည်းရမိ

သစ်ခိုးထုတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ယင်းမာပင်မြို့နယ် ULF (မဟာမိတ်တပ်ပေါင်းစု)က သွားရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး နေအိမ်တစ်လုံးကို ထိမှန်

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ယမန်နေ့ ည ၁၀ နာရီခန့်က မူဆယ်မြို့နယ်၊ နမ့်ပတီးကျေးရွာရှိ နေအိမ်တစ်လုံးနှင့် စက်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်တွင် ဖျက်ပိုးများကြောင့် စပါးစိုက်ခင်းအများအပြားပျက်စီး

ယခင်နှစ်က ကြွက်ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ဆွမ်ပရာဘွမ်ဒေသခံများ ယခုနှစ်တွင်လည်း စပါးဖျက်ပိုးများကြောင့် တောင်ယာစပါးခင်း အများအပြားဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ပေါက်ကျရန်စိုးရိမ်နေကြသည့် ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်ကို ဖောက်ထုတ်နေ

ဒေသခံပြည်သူများ ရေကန်ပေါက်ကျမည်ကို စိုးရိမ်နေကြသည့် ဖားကန့်မြို့နယ်အတွင်းရှိ လုပ်ကွက်ဟောင်း ရေကန်တွင် ရွှေမျောတိုက်ခြင်းနှင့် ကျောက်စိမ်းတူးဖော်မှုများကို ရပ်တန့်ရန် စာကပ်ထားပြီး ကန်ရေဖောက်ထုတ်ရန်ဟုဆိုကာ တစ်လတိတိလုပ်ကွက်များကို နားခိုင်းထားကြောင်း သိရသည်။

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံခဲ့ရသည့် နန့်ယားဒေသခံအားလုံးပြန်လွတ်ပြီ

စစ်ကောင်စီစစ်ကြောင်းက နန့်ယားကျေးရွာမှ လူသားဒိုင်းကာအဖြစ် ဖမ်ဆီးခေါ်ဆောင်သွားသော ပြည်သူများအားလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

မူဆယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် စကားများပြီး အချင်းချင်း ပစ်ခတ်၊ သုံးဦး သေဆုံး

မူဆယ်မြို့၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်း ယနေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး သုံးဦး သေဆုံးခဲ့ကြောင်း...

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သဖြင့် မိုးမောက်ဒေသခံကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်လက်နက် ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းက ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မိုးမောက်မြို့နယ်မှ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ဆယ်လုံးထက်မနည်း ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။