Month: August 2023

အွန်လိုင်းပေါ်တွင် နာမည်ကြီးခဲ့သည့် ခိုးမှုကျူးလွန်သူ အမျိုးသမီးကို ဒုတိယအကြိမ်ပြန် ဖမ်းမိ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (၂) ရှိ နေအိမ်တစ်အိမ်အတွင်း ပိုက်ဆံဝင်ရောက်ခိုးယူခဲ့သည့် အမျိုးသမီးတစ်ဦးအား ယမန်နေ့ မွန်းလွှဲ သုံးနာရီခွဲခန့်က ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အင်းတော်တွင် ပြည်သူတစ်ဦး သေပြီး နှစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်နှင့် KPDF တို့ အင်းတော်မြို့နယ်တွင် ယနေ့ နံနက် ၆ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ဖမ်းခေါ်သွားသည့် မူဆယ်ဒေသခံလူငယ်နှစ်ဦး၏ အလောင်းပြန်တွေ့

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသော တီးမကျေးရွာမှ လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ယမန့်နေ့က မူဆယ်မြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ၇၀ ကျော်လွတ်မြောက်၊ နိုင်ငံရေးအကျဉ်းသားများမပါဝင်ဘဲ အမှုငယ်များသာ ပါဝင်ဟုဆို

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသူအကျဉ်းသား ၇၀ ကျော် ယနေ့ နေ့လယ် နှစ်နာရီအချိန်ခန့်ကလွတ်မြောက်လာခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားသော ထောင်ဒဏ်အချို့ကို လျော့ပေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမှတ်ထားသည့် ပြစ်မှုအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်းသိရသည်။