Month: August 2023

လင်မယားချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းကဇနီးကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်

ဖားကန့်မြို့ မှော်ဝမ်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခန့်က လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို ဓားဖြင့်အချက်များစွာထိုးသတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က နှိပ်စက်သတ်ဖြတ်ခဲ့သည့် မိုးကောင်းဒေသခံ၏ ရုပ်အလောင်းပြန်မရ၊ နာရေးအတွက်ဟုဆိုကာ ပိုက်ဆံ ၅ သိန်းပေး

စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် သေဆုံးခဲ့သည့် မိုးကောင်းမြို့မှ ဦးဝဘော်ဂျိုးဆပ်တန်ဂွန်း၏ ရုပ်အလောင်းကို ပြန်မပေးကြောင်းသိရသည်။

သုံးဘီးဆိုင်ကယ်ဝင်တိုက်ခဲ့သဖြင့် ဝိုင်းမော်တွင် ကလေးငယ်တစ်ဦး သေဆုံး

သုံးဘီးဆိုင်ကယ်တစ်စီးက သားအမိနှစ်ဦးကိုဝင်တိုက်ခဲ့သဖြင့် အသက် (၄) နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့မှု ယနေ့ညနေ သုံးနာရီခွဲခန့်က နောင်တာလောကျေးရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သိန်းထောင်ချီဓားပြမှုမှ ကျူးလွန်ခဲ့သူအချို့ကို ဖမ်းဆီးရမိထား

ဝိုင်းမော်မြို့မှ သိန်းထောင်ချီ ဓားပြတိုက်မှုမှ ကျူးလွန်သူအချို့ကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား-တနိုင်း လမ်းပိုင်းအချို့ ဆိုးဝါးစွာပျက်စီးနေ၊ ကားဆွဲခ တစ်သိန်းခန့်အထိပေးနေရဟုဆို

မြစ်ကြီးနား – တနိုင်း သွားရာလမ်းပိုင်းရှိ အချို့နေရာများတွင် မိုးရွာသွန်းမှုကြောင့် ဩဂုတ်လ လဆန်းပိုင်းမှစပြီး ဆိုးဝါးစွာ ပျက်စီးနေသောကြောင့် သွားလာရေးခက်ခဲနေကြောင်း သိရသည်။

ဖားကန့်တွင် လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခံခဲ့ရသည့် ဒေသခံများ လွတ်မြောက်လာခြင်း မရှိသေး

စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသော ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှ ပြည်သူ ၃၂ ဦး ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

လျှပ်စစ်မီးပုံမှန်မရသဖြင့် တနိုင်းတွင် ပိုက်ဆံပေးပြီး ဖုန်းအားသွင်းနေရ

အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးသော်လည်း လုံလောက်မှုမရှိသောကြောင့် တနိုင်းဒေသခံများ အခကြေးငွေပေးကာ ဖုန်းအားသွင်းနေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဗန်းမော်မြို့နယ်တွင် နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ဆားလင်းကြီးတွင် ပျူစောထီးအဖွဲ့ဝင် ၁၄ ဦးကို တော်လှန်ရေးအဖွဲ့များ ဖမ်းဆီး

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်သင်တန်းဆင်းလာသော ပျူစောထီးတပ်ဖွဲ့ဝင် ၁၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ဒေသခံ ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က ပေါ်တာဆွဲ

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သိန်းထောင်ချီဓားပြတိုက်ခဲ့သူများကို ဖမ်းဆီးရမိခြင်းမရှိသေး

သိန်းထောင်ချီ ဓားပြတိုက်ခံခဲ့ရသည့်အမှုကို ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူအလင်းဝင်၊ ပြည်သူဘက်ကရပ်တည်ပြီး အဆုံးထိတိုက်ပွဲဝင်မည်ဟုဆို

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ CDM ဝင်ရန်ကြိုးပမ်းမှုကြောင့်ထောင်ကျခဲ့သည့် စစ်ကောင်စီတပ်သား ယနေ့နံနက် ၆ နာရီခန့်က ဆားလင်းကြီးမြို့နယ်ရှိ သမန်းကျားတပ်ဖွဲ့ထံ လက်နက်နှင့်အတူ ဝင်ရောက်လာကြောင်း သိရသည်။