သုံးဘီးဆိုင်ကယ်တစ်စီးက သားအမိနှစ်ဦးကိုဝင်တိုက်ခဲ့သဖြင့် အသက် (၄) နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့မှု ယနေ့ညနေ သုံးနာရီခွဲခန့်က နောင်တာလောကျေးရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဈေးဝယ်ပြီးပြန်လာသော သားအမိနှစ်ဦးကို နောင်တာလောကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် သုံးဘီးဆိုင်ကယ်ကဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးရုံရောက်တဲ့အချိန် သတိလစ်သွားတယ်။ နာရီဝက်လောက် ခေါင်းကွဲတာကို ချုပ်ပြီးကျတော့ သတိပြန်ရတယ်။ ခေါင်းထိထားတယ်ဆိုတော့ အခြေနေတော့မကောင်းနိုင်ဘူးလေး၊ နှခေါင်းကနေလည်း သွေးထွက်နေတယ် အဲ့တာကြောင့် မြစ်ကြီးနားဆေးရုံကိုလွှဲ‌ပေးလိုက်တာ” ဟုပြောသည်။

အသက်လေးနှစ်ခန့်အရွယ်ရှိ မောင်မျိုးထွယ်အောင်မှာ မြစ်ကြီးနားဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးခဲ့သည့်ကလေးငယ်၏ မိခင်မှာလည်း ဘယ်ဘက်လက်မောင်းတွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သုံးဘီးဆိုင်ကယ်မောင်းနှင်သူက တိုက်ခဲ့သည်ဟု ဝန်ခံခဲ့ပြီး နောင်တာလောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာအုပ်စု ၅၉ မိုင်အနီးတွင်လည်း ဇွန်လ ၆ ရက်နေ့က ဆီသယ်ကားနှင့် ဆိုင်ကယ်တစ်စီး မတော်တဆတိုက်မိခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

သတင်း – Dureng

ပုံ – မွန်မြတ်စေတနာလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ