Month: November 2023

ကလေးတွင် စစ်ကောင်စီရဲစခန်းသိမ်းခံရပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီ ရဲအုပ်တစ်ဦး အပါအဝင် ၁၇ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၃၇ လက်သိမ်းဆည်းရမိကြောင်း NUG...

တိုက်ပွဲမဖြစ်ဘဲ ပေါင် ၅၀၀ ဗုံးကြဲသဖြင့် တန့်ဆည်တွင် စာသင်ကျောင်းနှင့် ဆေးရုံပျက်စီး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယနေ့နံနက် ၂ နာရီခန့်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ စာသင်ကျောင်း၊ ဆေးရုံနှင့် လူနေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

တန့်ဆည်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးအခြေအနေတင်းမာနေသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ကို စစ်ကောင်စီထိန်းချုပ်ထားပြီးဟု ထုတ်ပြန်သော်လည်း တော်လှန်ရေးတပ်ဖွဲ့များငြင်း

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

စစ်ကောင်စီစခန်းသုံးခုကို ထပ်မံသိမ်းပိုက်ထားကြောင်း MNDAA ပြော

ကိုးကန့် (MNDAA)က ယမန်နေ့က စစ်ကောင်စီတပ်စခန်းသုံးခုကို ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

“၁၀၂၇ စစ်ဆင်ရေး” တွင် ဒရုန်းဖြင့် ဗုံးအလုံးရေ နှစ်သောင်းခန့်ကြဲချခံရကြောင်း စစ်ကောင်စီဥက္ကဋ္ဌပြော

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရစဉ် ညီနောင်မဟာမိတ်အဖွဲ့က ဒရုန်းဖြင့်ဗုံးအလုံး နှစ်သောင်းခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ဝန်ခံလိုက်သည်။

ရန်ကုန်မှာ အင်အားပြ၊ ကချင်မှာ မြို့ကိုစွန့်၊ ရှမ်းမြောက်မှာ မရှုမလှခံနေရတဲ့ စစ်ကောင်စီတပ်

KIA တပ်မဟာ (၁) ရှိရာ အင်ဂျန်းယန်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ မြို့အတွင်းက ရဲစခန်းတွေပါ အကုန်စွန့်ခွာသွားတယ်ဆိုတာ တိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့အတွက် စွန့်ခွာသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။  

မူဆယ်တွင် စစ်ရှောင်ပြည်သူသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူသုံးဦး ယနေ့ နံနက် ၁၁ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို ပြည်နှင်ဒဏ်ပေးလိုက်သည်ဟုဆို

လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်လာသော Non – CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို ခံဝန်လက်မှတ်ရေထိုးစေပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ယနေ့နေ့စွဲဖြင့်သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်းနှစ်ခုထပ်မံသိမ်းပိုက်ခံရပြီး တပ်ရင်းမှူးတစ်ဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းနှင့် ကျောက်မဲမြို့ရှိ စစ်ကောင်စီစခန်းနှစ်ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း The Kokang က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယမန်နေ့ည ၁၁ နာရီခန့်မှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရသည်။