Month: October 2023

တိုက်ပွဲပြင်းထန်နေသည့်ထီးချိုင့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက်မှစတင်ကာ တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

လုံးခင်းရှိ ငွေလွှဲငွေထုတ်ဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၁၂၀၀ ခန့်ပါသွား

လက်နက်ကိုင်ဆောင်ထားသည့် လူငယ်ခုနှစ်ဦး ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ငွေလွှဲငွေထုတ်ဆိုင်တစ်ခုကို ဝင်ရောက်ဓားပြတိုက်သွားကြောင်း သိရသည်။

စခန်းများဆက်တိုက်သိမ်းဆည်းခံနေရချိန် မြစ်ကြီးနား – မိုးကောင်းမီးရထားပြန်လည်ပြေးဆွဲရန် စစ်ကောင်စီပြင်ဆင်၊ မိုင်းဆွဲခံရမည်စိုးရိမ်သဖြင့် ဒေသခံများမစီးရဲဟုဆို

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်းများဆက်တိုက်ဆိုသလိုသိမ်းဆည်းခံနေရချိန် မြစ်ကြီးနား-မိုးကောင်းမီးရထားပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေကြောင်း သိရသည်။

ကန်တော်ယန်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သော မြစ်ကြီးနား- ဗန်းမော်ကားလမ်းရှိ ကန်တော်ယန်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူး သေဆုံး

လိုင်ဇာအနီးရှိ အလန့်ဘွမ်တောင်သို့ စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ် လိုင်ဇာအနီး ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်သွားကြောင်း သိရသည်။

လက်နက်ကြီးရမ်းသမ်းပစ်ခတ်လေ့ရှိသည့် နမ္မတူမြို့မှ စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ စစ်ကောက်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၂၄) ကို ယမန်နေ့ညနေ ၆ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သဖြင့် တာမိုးညဲတွင် ခုနှစ်ဦးထက်မနည်း ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့မှ ဒေသခံပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်း ၁၃ ခုနှင့် သံချပ်ကာတိုက်ခိုက်ရေးယာဉ်တစ်စီးသိမ်းဆည်းရမိကြောင်း ကိုးကန့် (MNDAA) ပြော

“၁၀၂၇ စစ်ဆင်ရေး” ၏ စတုတ္ထမြောက်နေ့တွင် စစ်ကောင်စီစခန်း ၁၃ ခုနှင့် သံချပ်ကာတိုက်ခိုက်ရေးယာဉ်တစ်စီး ထပ်မံသိမ်းဆည်းရမိကြောင်း ကိုးကန့် (MNDAA) တပ်က ထုတ်ပြန်လိုက်သည်။

စခန်းသိမ်းခံရသဖြင့် စစ်ကောင်စီတပ်က လိုင်ဇာအနီးဝန်းကျင်သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်

စစ်ကောင်စီစခန်းများ ယနေ့နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခံနေရသဖြင့် လိုင်ဇာမြို့အနီးရှိစစ်ကောင်စီစခန်းများက လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ ကန်တော်ယန်ဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်

မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ ကန်တော်ယန်ဗျူဟာကုန်းကို ယနေ့နံနက် ၈ နာရီခွဲခန့်က ရက္ခိုင့်တပ်တော် (AA)နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တပ်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

ခင်ဦးတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေ၊ PDF သုံးဦးကျဆုံး

ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်စခန်းကို ယမန်နေ့နံနက် ၄ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးပြီး

“၁၀၂၇ စစ်ဆင်ရေး” တတိယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးကို အရှင်ဖမ်းမိသည်ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွဲနေသည့် “၁၀၂၇ စစ်ဆင်ရေး” တတိယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးကို အရှင်ဖမ်းမိကြောင်း ကိုးကန့် (MNDAA) တပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။