မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရ

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် လမ်းသွယ် ၂၄ တွင် ယနေ့ညနေ ၈ နာရီ ဆယ်မိနစ်ခန့်တွင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရသည်ဟု သိရသည်။

မိုးမောက်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ ည ၇ နာရီခွဲအထိ လက်နက်ကြီးဖြင့် ပစ်ခတ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ကေအိုင်အေနှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား ယနေ့ညနေပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

မြစ်ကြီးနားဂျာနယ်မှ အမျိုးသမီးသတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ အကြီးတန်းသတင်းထောက် မမျိုးမြတ်မြတ်ပန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ညနေ ၆ နာရီခန့်တွင် နေအိမ်မှ လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းရှိကျေးရွာ ၄ ရွာစုပေါင်းပြီး စစ်အာဏာရှင် တော်လှန်ရေးသပိတ်စစ်ကြောင်းကို အင်အား ၁၀၀၀ နီးပါးဖြင့် ဧပြီလ ၁၄ ရက် င်္သကြန်အကျနေ့မှာပြုလုပ်ခဲ့ကြသည်။

 

သက်ငယ်မုဒိန်းကျူးလွန်သူကို တအောင်းတပ်မတော် သေဒဏ်ပေ

နမ့်ဆန်မြို့နယ် လွယ်ခကျေးရွာတွင် အသက် (၅) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို တအောင်းတပ်မတော်က အများပြည်သူရှေ့မှောက်တွင် သေဒဏ်ပေးခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကေအိုင်အေက မြို့နယ် လေးခုတွင် ထိုးစစ်ဆင်၊ စစ်ကောင်စီအကျအဆုံးများ

ပူတာအိုမြို့နယ် ဆွမ်ပီယံကျေးရွာရှိ စစ်ကောင်စီတပ်ရင်းကို ဧပြီ ၁၃ ရက်တွင် ကေအိုင်အေက တိုက်ခိုက်ရှင်းလင်းခဲ့ပြီး စစ်ကူလာသည့် စစ်ကားကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်။