Month: April 2021

အလော့ဘွမ်တောင်ခြေတွင် တိုက်ပွဲပြင်းထန်၊ စစ်လေယာဉ်ဖြင့် အကြိမ်ကြိမ်ပစ်ခတ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလော့ဘွမ်တပ်စခန်းအနီးရှိ မြို့သစ်ကျေးရွာ၊ ကုန်းလောကျေးရွာနှင့် တောင်းကုန်းတွင် ၇ ရက်မြောက် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

အပစ်ရပ်မှုတစ်လ ထပ်တိုးကြောင်း စစ်ကောင်စီကြေညာ၊ ကချင်ပြည်နယ်တွင် ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်နေဆဲ

စစ်ကောင်စီတပ်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို မေလ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံရပ်ဆိုင်းမည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကြေညာခဲ့သော်လည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ဂျက်လေယာဉ်ဖြင့် အပြင်းအထန်...

စစ်​ကောင်စီ၏ သတင်းစာရှင်းလင်းပွဲမှ ဗိုလ်ကြီးအေးသဇင်မြင့်ကို ကျောင်းနေဘက်များက လောက်ကောင်အဖြစ်သတ်မှတ်

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းအစား တာဝန်ယူဖြေကြားခဲ့သည့် ဗိုလ်ကြီးအေးသဇင်မြင့်ကို ကျောင်းနေဘက်များက လောက်ကောင်အဖြစ်သတ်မှတ်ကြောင်း ယမန်နေ့က စာထုတ်ပြန်ခဲ့သည်။

ဖားကန့်တွင် ဓါတ်ဆီစျေးတစ်ဂါလံ တစ်သောင်းခွဲအထိစျေးတက်၊ ဆီဆိုင်အချို့ ပိတ်ထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဓါတ်ဆီ​စျေး တစ်ဂါလံလျင် တစ်သောင်းခွဲအထိ တစ်ဟုန်ထိုးခုန်တက်​နေပြီး လူတစ်ဦးလျှင်တစ်ဂါလံနှုန်းဖြင့်သာ ရောင်းချပေး​နေကြောင်း ဖားကန့်​ဒေသခံများထံမှသိရသည်။

ဗန်းမော် တင့်ကားတပ်ရင်းမှ လက်နက်ကြီးပစ်သံများကြားနေရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ၅၀၁၄ တင့်ကားတပ်ရင်း အနီးပတ်ဝန်းကျင်၌ လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယ​နေ့နံနက်အစောပိုင်းက လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံတစ်ဦးက The 74...