ဗန်းမော်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ၅၀၁၄ တင့်ကားတပ်ရင်း အနီးပတ်ဝန်းကျင်၌ လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယ​နေ့နံနက်အစောပိုင်းက လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

” မနက် ၈ နာရီလောက်ကတည်းက လေယာဉ် သံတွေ ကြားနေရပီ။ လက်နက် ကြီး သံတွေ ကြားရတယ် နားနား ပီး ပစ်တာမျိုး။ အစက မိုးလည်းနည်းနည်းရွာနေလို့ မိုးချိန်းသံပဲထင်နေတာ။ မဟုတ်ဘူး လက်နက်ကြီးသံဟုတ်တယ်။ အခုပဲတောင် ၈ ချက်လောက်ရှိပြီ ” ဟုပြောသည်။
ယခုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုသာဖြစ်ပြီး မြို့သစ်ဘက်သို့ ပစ်ကူနေကြောင်းလည်း ဖြစ်နိုင်သည်ဟု ခန့်မှန်း‌ေကြာင်း ဒေသခံများက‌ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိကို The 74 media မှ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

Photo Crd:

သင့်ထင်မြင်ချက်ရေးပေးပါ