ဗိုလ်ကြီးအေးသဇင်မြင့်

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းအစား တာဝန်ယူဖြေကြားခဲ့သည့် ဗိုလ်ကြီးအေးသဇင်မြင့်ကို ကျောင်းနေဘက်များက လောက်ကောင်အဖြစ်သတ်မှတ်ကြောင်း ယမန်နေ့က စာထုတ်ပြန်ခဲ့သည်။

ဗိုလ်ကြီးအေးသဇင်မြင့်

 

အသက် ၃၀အရွယ် အမျိုးသမီးဗိုလ်ကြီး ‌အေးသဇင်မြင့်သည် စစ်​ကောင်စီ​၏ ပြန်ကြား​ရေးတွင် တာဝန်ယူခဲ့​သော​ကြောင့် သူနှင့်အတူ သတင်းစာပညာတက်ရောက်ပညာသင်ယူခဲ့သည့် အတန်း​ဖော်များမှ သူ၏ဘွဲ့ကို ပြန်သိမ်းယူရန်လုပ်ဆောင်မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ဗိုလ်ကြီးသည် ဗိုလ်တထောင်ကောလိပ်ဟု လူသိများသည့် အမျိုးသားစီမံခန့်ခွဲရေးဒီဂရီကောလိပ်တွင် စာနယ်ဇင်းအထူးပြုဘာသာရပ် အမှတ်စဉ် (၁) ကျောင်းဆင်းဖြစ်သည်။
ထို့နောက် သတင်းထောက်အဖြစ် လေးနှစ်ခွဲခန့်လုပ်ကိုင်ခဲ့ကာ ၂၀၁၄ ခုနှစ် အမျိုးသမီးဗိုလ်သင်တန်းတက်ရောက်ခဲ့ပြီး ထူးချွန်ဆုရရှိခဲ့သည်။

​စစ်​ကောင်စီပြန်ကြား​ရေး ဗိုလ်ချုပ်ဇော်မင်းထွန်းနေရာတွင် ဗိုလ်ကြီး ​အေးသဇင်မြင့်အပြင် အမျိုးသားနှစ်ဦးမှ တာဝန်ယူမည်ဖြစ်ကြောင်း ကနဦးသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ