ဖားကန့်တွင် ဓါတ်ဆီစျေးတစ်ဂါလံ တစ်သောင်းခွဲအထိစျေးတက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဓါတ်ဆီ​စျေး တစ်ဂါလံလျင် တစ်သောင်းခွဲအထိ တစ်ဟုန်ထိုးခုန်တက်​နေပြီး လူတစ်ဦးလျှင်တစ်ဂါလံနှုန်းဖြင့်သာ ရောင်းချပေး​နေကြောင်း ဖားကန့်​ဒေသခံများထံမှသိရသည်။

ဖားကန့်တွင် ဓါတ်ဆီစျေးတစ်ဂါလံ တစ်သောင်းခွဲအထိစျေးတက်

 

ဓာတ်ဆီပြတ်လပ်မှုကြောင့် တန်းစီစနစ်ဖြင့်ရောင်းချ​နေကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဓာတ်ဆီက တစ်သောင်းခွဲ၊ နှစ်သောင်းထိ စျေးတက်သွားပြီ၊ 92 ဓါတ်ဆီပဲအဓိကဖြစ်နေတာ၊ 95 ဓါတ်ဆီကမပြတ်ဘူး၊ တစ်ဂါလံပုံးနဲ့ပဲ ထုတ်ရောင်းပေးတော့တယ်၊ တန်းစီရတယ်” ဟု ပြောသည်။
ဓါတ်ဆီဆိုင်အချို့တွင်လည်း 92 နှင့် 95 ဓါတ်ဆီမရှိတော့ကြောင်း စာသားများကပ်ထားသည်ကို တွေ့ရ​ကြောင်း ​နောက်ထပ် ​ဒေသခံတစ်ဦးက​ပြောသည်။
ထို့အပြင် စက်သုံးဆီဆိုင်အငယ်များပိတ်သိမ်းသွားပြီး စက်သုံးဆီပန့်ဆိုင်ကြီးများသာ ရောင်းချပေးနေတော့ကြောင်း သူက ဆက်ပြောသည်။
ယမန်နေ့က​မူ လူတစ်ဦးလျှင် ဓါတ်ဆီ ၃ ဂါလံစီရောင်းပေးခဲ့ပြီး တစ်ဂါလံ ၁​သောင်းကျပ်အထိ​ရောက်ရှိသွားခဲ့သည်။
မြန်မာနိုင်ငံ အောက်ပိုင်းတွင် လမ်းများပျက်နေခြင်းနှင့် စစ်ကောင်စီများမှ စက်သုံးဆီယာဥ်များအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းကြောင့် ဓာတ်ဆီစျေးများ တိုးမြင့်လာရခြင်းဖြစ်ကြောင်း ဓာတ်ဆီဆိုင်ပိုင်ရှင်များနှင့် ဒေသခံများကဆိုသည်။

ဓါတ်ပုံ CJ

သင့်ထင်မြင်ချက်ရေးပေးပါ