ကေအိုင်အေ

အလော့ဘွမ်တွင် စစ်ဆင်လာသည့် စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံးသေဆုံးသွားသည်ဟု သိရသည်။

မိုးမောက်အခြေစိုက် ခမရ ၃၂၀ တပ်ရင်းမှ စစ်သည်အင်အားတစ်ရာကျော်ပါဝင်သည့် စစ်ကြောင်းတစ်ခုလုံးသေဆုံးသည်ဟု ကေအိုင်အေမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
အဆိုပါတပ်ရင်းမှ တပ်ရင်းမှူးလည်း သေဆုံးသွားပြီး မရှုမလှအရေးနှိမ့်သွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ရင်းများ တပ်စွဲထားသည့် အလော့ဘွမ်တပ်စခန်းကို ကေအိုင်အေက မတ်လ ၂၅ ရက်တွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက ယခုအပတ်တွင် ပြန်လည်ထိုးစစ်ဆင်ခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ