ကေအိုင်အေက မြို့နယ် လေးခု

ပူတာအိုမြို့နယ် ဆွမ်ပီယံကျေးရွာရှိ စစ်ကောင်စီတပ်ရင်းကို ဧပြီ ၁၃ ရက်တွင် ကေအိုင်အေက တိုက်ခိုက်ရှင်းလင်းခဲ့ပြီး စစ်ကူလာသည့် စစ်ကားကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

တနိုင်းမြို့နယ် တိန်ကောက်ကျေးရွာအနီးတွင် ဧပြီ ၁၃ ရက်က စစ်ကောင်စီတပ်ရင်း၏ ရိက္ခာတင်ယာဉ် သုံးစီးကို ကေအိုင်အေတပ်များ တိုက်ခိုက်ဖျက်ဆီးခဲ့သည်။
ဖားကန့်အေးမြသာယာရဲတပ်ရင်းကိုဧပြီလ ၁၃ ရက်က ကေအိုင်အေတိုက်ခိုက်ခဲ့ပြီး ရဲအချို့သေဆုံးခဲ့သည်။
စစ်ကောင်စီ စကခ – ၂၁ (ဗန်းမော်) လက်အောက်ရှိ ခလရ ၂၂၃ တပ်ရင်း၏ စစ်အင်အား ၂၀ ပါယာဉ်တန်းကို ဧပြီလ ၁၃ ရက်က ကေအိုင်အေတိုက်ခိုက်ခဲ့ပြီး စစ်ကား မီးလောင်ပျက်စီးခဲ့ကာ သေဆုံးသူများခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ