သက်ငယ်မုဒိန်းကျူးလွန်သူကို တအောင်းတပ်မတော် သေဒဏ်ပေး

နမ့်ဆန်မြို့နယ် လွယ်ခကျေးရွာတွင် အသက် (၅) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို တအောင်းတပ်မတော်က အများပြည်သူရှေ့မှောက်တွင် သေဒဏ်ပေးခဲ့သည်ဟု သိရသည်။

သက်ငယ်မုဒိန်းကျူးလွန်သူကို တအောင်းတပ်မတော် သေဒဏ်ပေး

 

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာသူအမျိုးသားသည် လွတ်မြောက်လာပြီး ၃ ပတ်အကြာတွင် အဓမ္မကျင့်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သဖြင့် ဧပြီလ ၁ ရက်နေ့တွင် သေဒဏ်ပေးခဲ့သည်ဟု PALF/TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

တရားခံ မိုင်းအပတ်သည် ယခင်ကလည်း ၄ နှစ်အရွယ် ကလေးငယ်နှင့် ၅၄ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ဖူးပြီး လျော်ကြေးငွေဖြင့်သာ ကြေအေးခဲ့သည်ဟု ဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ