မိုးမောက်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ ည ၇ နာရီခွဲအထိ လက်နက်ကြီးဖြင့် ပစ်ခတ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ကေအိုင်အေနှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား ယနေ့ညနေပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

မိုးမောက်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ ည ၇ နာရီခွဲအထိ လက်နက်ကြီးဖြင့် ပစ်ခတ်

 

ဂျက်လေယာဉ်ဖြင့် ပစ်ခတ်မှုများ၊ အမြောက်ဖြင့်ပစ်ခတ်မှုများ ညနေ ၇ နာရီခွဲအထိရှိနေသေးကြောင်း မိုးမောက်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ညနေ ၇ နာရီခွဲအထိ လက်နက်ကြီးသံကြားရတယ်၊ ၇ နာရီလောက်မှာ လေယာဉ်နဲ့ပစ်တယ်” ဟုပြောသည်။
ယမန်နေ့တွင် အလောဘွမ်တပ်စခန်းသို့ ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတုံးအရုန်းသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေခဲ့သည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များက မတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည့် အလောဘွမ်တပ်စခန်းအနီးတွင် လွန်ခဲ့သည့် သုံးရက်ခန့်မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးနေခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ