News

ဖားကန့်တွင် အနှိပ်ခန်းမှစတင်မီးလောင်သဖြင့် နေအိမ်သုံးလုံးပျက်စီး

ဖားကန့်မြို့၊ လုံးခင်းအုပ်စု လယ်ပြင်ကျေးရွာတွင် ယမန်နေ့ ညနေ (၂) နာရီက လူနေအိမ် (၃) လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ ကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ ခန့်သေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ နီးပါးသေဆုံး

ကရင်နီပြည်နယ်တွင် စစ်တပ်အာဏာသိမ်းထားသည့် သုံးနှစ်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်နီးပါးသေဆုံးခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင် ငါးရာနီးပါးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ပူတာအိုဆေးရုံကြီးတွင် ဆီးချိုဝေဒနာရှင်တစ်ဦး ဆေးကုသမှုခံယူရန် အကူအညီလိုအပ်နေ

ခါးတွင် ပြည်တည်နာများဖြစ်ကာ ဆေးကုသမှုခံယူနေရသည့် ပူတာအိုမြို့နယ်၊ နမ်ဖန်ကျေးရွာမှ ဆီးချိုဝေဒနာရှင်အမျိုးသားတစ်ဦး ဆေးကုသမှုခံယူရန် ငွေကြေးအကူအညီလိုအပ်နေကြောင်းသိရသည်။

အာဏာသိမ်း သုံးနှစ်ကာလအတွင်း စစ်ကောင်စီ၏သတ်ဖြတ်မှုကြောင့် ပြည်သူ လေးထောင်ကျော်သေဆုံး၊ တစ်ဝက်ခန့်မှာ စစ်ကိုင်းတိုင်းမှဖြစ်

အာဏာသိမ်းသုံးနှစ်တာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူစုစုပေါင်း လေးထောင်ကျော် သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရသိရသည်။

မြစ်ကြီးနားတွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု သုံးခုဖြစ်၊ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်

မြစ်ကြီးနားမြို့တွင် ယမန်နေ့က တစ်ရက်အတွင်း ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှု သုံးခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်ကာ အချို့ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

နမ့်ဖတ်ကာတွင် လက်ပစ်ဗုံးကျကွဲသဖြင့် KIA တပ်ဖွဲ့ဝင်တစ်ဦးသေပြီး အရပ်သားနှစ်ဦးဒဏ်ရာရ

လက်ပစ်ဗုံးတစ်လုံး မတော်တဆကျကွဲခဲ့သဖြင့်  ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး အရပ်သားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းကာလ သက်တမ်းခြောက်လတိုး၊ ၂၀၀၈ ခြေဥကို အကြိမ်ကြိမ်ချိုးဖောက်

နေပြည်တော်တွင် ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အာဏာသိမ်းကာလ ၆ လသက်တမ်းထပ်တိုးလိုက်သည်။

နမ့်ဖတ်ကာတိုက်ပွဲအတွင်း KIA တပ်ဖွဲ့ဝင် ၂၈ ဦးကျဆုံး၊ ငါးဆယ်ကျော် ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလ၇ (၁၂၃) တပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေး (KIA) တပ်ဖွဲ့ဝင် ၂၈ ဦးကျဆုံးခဲ့ပြီး ငါးဆယ်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KIO ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် မိုင်းပေါက်ကွဲပြီး ခြံစည်းရိုးအုတ်တံတိုင်းပျက်စီး

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ နေအိမ်ရှေ့တွင် ယမန်နေ့ည ရှစ်နာရီဝန်းကျင်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ခြေမြန်တပ်ရင်း (ခ.မ.ရ) ၃၇၉ တိုက်ပွဲတွင် လတ်တလော သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ

ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ခြေမြန်တပ်ရင်း (ခ.မ.ရ) ၃၇၉ တိုက်ပွဲတွင် လတ်တလော သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ယနေ့ နံနက်က ရက္ခိုင့်တပ်တော်...

မုန့်ကျွေးမည်ဟုဆိုကာ လေးနှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသူကို ထောင် ၁၀ နှစ်ချ

မုန့်ကျွေးမည်ဟုဖျားယောင်းကာ အသက်လေးနှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့သည့် မြစ်ကြီးနားမြို့မှ အမျိုးသားတစ်ဦးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဖားကန့်တွင် ခွေးဟောင်သည့်ကိစ္စစကားများပြီး ဓားထိုးသတ်ဖြတ်မှုဖြစ်ပွား

ခွေးဟောင်သည့်ကိစ္စဖြင့် စကားများရန်ဖြစ်ပြီး ဓားထိုးသတ်ဖြတ်မှုတစ်ခု ဖားကန့်မြို့နယ် မှော်ဝမ်းကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။