ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ခြေမြန်တပ်ရင်း (ခ.မ.ရ) ၃၇၉ တိုက်ပွဲတွင် လတ်တလော သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ယနေ့ နံနက်က ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ခဲ့သည်။

ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များမှ စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခ.မ.ရ ၃၇၉ ကို ဇန်နဝါရီလ (၂၈) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ