News

မိုးမောက်-လွယ်ဂျယ်လမ်းပြင်သည့်လုပ်ငန်းရပ်နားထားသဖြင့် လိုင်းဆွဲယာဉ်မောင်းသမားများ အခက်တွေ့

လမ်းလုပ်သားများ ဓားပြတိုက်ခံရသောကြောင့်ဟုဆိုကာ လုပ်ငန်းရပ်နားထားသဖြင့် မိုးမောက် – လွယ်ဂျယ်လမ်း ယာဉ်မောင်းများ အခက်အခဲကြုံနေရသဖြင့် အမြန်ဆုံးလာရောက်ပြုပြင်စေလိုကြောင်း သိရသည်။

SNA မှ တပ်စိတ်မှူးတစ်ဦး လက်နက်နှင့်အတူအလင်းဝင်၊ ပြည်သူကိုဖိနှိပ်လိုခြင်းမရှိသဖြင့် ဝင်ရောက်ခဲ့သည်ဟုဆို

ရှမ်းနီအမျိုးသားတပ် (SNA)မှ တပ်စိတ်မှူးအဆင့်ရှိသူတစ်ဦး သည် ခန္တီးခရိုင် အမှတ် – ၃ တပ်ရင်း (HPDF -124) ထံ လက်နက်နှင့် အတူအလင်းဝင်လာခဲ့ကြောင်းသိရသည်။

ကန်ပက်လက် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရပြီး အရေးပေါ်အကူအညီလိုအပ်နေ

ကန်ပက်လက်မြို့နယ်မှ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ရေဦးတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

ရေဦးမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၁၁ နာရီခွဲခန့်တွင် ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီး၊ ဒေသခံအချို့ကို ဖမ်းဆီးသွား

စစ်ကောင်စီစစ်ကြောင်းက ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာရှိ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဘာသာရေးဆရာတစ်ဦးအပါအဝင် ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ တစ်ပတ်ရစ်ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ တစ်ပါတ်ရစ်ဖုန်းအရောင်းဆိုင်တစ်ခု ယမန်နေ့ညကဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

AA က မင်းပြားနှင့် မောင်တောမြို့က စစ်ကောင်စီတပ်စခန်း သုံးခုကိုသိမ်းပိုက်

ရခိုင်ပြည်နယ်၊ မင်းပြားနှင့် မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းသုံးခုကို ရက္ခိုင့်တပ်တော်(AA) က ယမန်နေ့က သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

NUG ၏ ဘုံသဘောထားရပ်တည်ချက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ပါဝင်လာစေရန် ကြိုးပမ်းနေသည်ဟု ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် K3C ၏ “ဘုံသဘောထား ရပ်တည်ချက်” တွင် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မဟာမိတ်အဖွဲ့အစည်းများ၏ သဘောတူညီမှုပါဝင်လာရန် ဆက်လက်ကြိုးပမ်းရမည်ဟု NUG...

ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ထိတွေ့တိုက်ပွဲဖြစ်ပွား

လိုင်ဇာမြို့အနီးရှိ အင်တပ်ဘွမ် (Ntap Bum) မှ ဆင်းလာသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ယနေ့ မွန်းလွှဲ ၁ နာရီခွဲခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း...

ကောလင်းတွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့တွင်းဝင်ရောက်နိုင်ပြီဟု စစ်ကောင်စီတပ်က သတင်းမှားဖြန့်

တော်လှန်ရေးအင်အားစုက သိမ်းပိုက်ထားသော ကောလင်းမြို့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ တပ်ဆုတ်ထွက်ပြေးသွားပြီဟု စစ်ကောင်စီတပ်ကဝါဒဖြန့်နေသည်မှာ မမှန်ကန်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

မြောက်ဦးမြို့ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA ထပ်မံတိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ကထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်အား ခြိမ်းခြောက်စာထုတ်သူမှာ သူမဟုတ်ကြောင်း ဦးရွှေမင်း ငြင်းဆို

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် ယမန်နေ့က ပျံ့နှံ့ခဲ့သော KIO အရာရှိများနှင့် ဘာသာရေးဆရာများကို ခြိမ်းခြောက်ထားသည့်စာအတွက် မိမိတွင်တာဝန်မရှိကြောင်း ဦးရွှေမင်းက ငြင်းဆိုလိုက်သည်။