News

စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူထဲမှ နှစ်ဦးသေဆုံး

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးသို့ စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူအချို့ ယမန်‌နေ့က ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် လုယက်သတ်ဖြတ်ခံရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့

ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာအထက် သဲဝိုင်ကျေးရွာအနီးရှိ မေခမြစ်ဘေးတွင် ရိုက်သတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ စံပြတွင် နေအိမ် သုံးလုံးမီးလောင်ကျွမ်း

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် စံပြနယ်မြေတွင် ယနေ့ မွန်းလွှဲ ၄ နာရီခန့် နေအိမ်သုံးလုံးမီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားတွင် လူငယ်အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း အဆုံးစီရင်၊ အသည်းကွဲသောကြောင့်ဟုဆို

လူငယ်အမျိုးသားတစ်ဦး ဧရာဝတီမြစ်ဆိပ်ထဲဆင်းကာ အဆုံးစီရင်သည့်ဖြစ်စဉ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ည ၆ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာအနီးတွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲပြင်းထန်နေ

ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာအနီးတွင် ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်နေ၊ မြို့အတွင်း KIA ဝင်ရောက်ပြီဟုဆို

မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ဘေး ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) (၁၄၁) ကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း (၅) က...

AA က တစ်လကျော်အတွင်း တပ်ရင်း ၁၀ ရင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သင်္ဘော သုံးစီးဖျက်ဆီးခဲ့

ရက္ခိုင့်တပ်တော် (AA) က တစ်လကျော်ကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၀ ရင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏တိုက်ခိုက်ရေး စစ်သင်္ဘော...

စစ်ကောင်စီပူးပေါင်းအဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သော့ ဖားကန့်မြိုနယ်က မအူပင်ဒေသခံများ အကူအညီလိုအပ်နေ

စစ်ကောင်စီစစ်ကြောင်းက ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် ဖားကန့်မြို့နယ် မအူပင်ကျေးရွာမှ ဒေသခံပြည်သူများ နေအိမ်ပြန်လည်တည်ဆောက်ရန် အခက်အခဲကြုံနေရကြောင်းသိရသည်။

မိုးညှင်းမြို့နယ်တွင် ဆက်ကြေးလိုက်ကောက်သည့် ကားပစ်ခတ်ခံရပြီး နယ်ထိန်းရဲတစ်ဦးသေဆုံးဟုဆို

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအရှေ့ဘက်ကမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ယနေ့ နံနက် ၆ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နယ်ထိန်းရဲတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်သွားရသည်ဟုဆို

တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ ဗုံးကြဲရန်လာသည့် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ယနေ့ မွန်းလွှဲ ၂ နာရီခန့်က ကန့်ဘလူမြို့နယ်တွင် ပစ်ခတ်ခံခဲ့ရပြီး အရေးပေါ်ဆင်းသက်ခံရကြောင်း သိရသည်။

ပူတာအိုတွင် ဆိုင်ကယ်ခိုးယူနေသည့်အမျိုးသားကို ပြည်သူများဝိုင်းဝန်းဖမ်းဆီး

ဆိုင်ကယ်ခိုးရန်ကြိုးစားသည့် အမျိုးသားတစ်ဦးကို ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့သည့်ဖြစ်စဉ် ယနေ့ နံနက် ရှစ်နာရီခန့်က ပူတာအိုမြို့တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားတွင် လူအများရှေ့ ဓါးထိုးပြီး ကားလုယက်မှုဖြစ်ပွား

လူအများရှေ့တွင် အမျိုးသားတစ်ဦးကို အမည်မသိအမျိုးသားလေးဦးက ဓားဖြင့်ထိုးပြီး ကားတစ်စီးလုယက်သွားသည့်ဖြစ်စဉ် မြစ်ကြီးနားမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။