မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် စံပြနယ်မြေတွင် ယနေ့ မွန်းလွှဲ ၄ နာရီခန့် နေအိမ်သုံးလုံးမီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

စံပြလမ်းမ ကက်သလစ်ဘုရားကျောင်းအနီးရှိ သံတိုသံစရောင်းဝယ်သော နေအိမ်မှစတင်လောင်ကျွမ်းကာ အခြားနေအိမ် နှစ်လုံးထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွါးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကို The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင် မီးသတ်ကား သုံးစီးရောက်ရှိနေပြီး မီးညွှန့်ကျိုးသွားပြီဖြစ်ကြာင်းသိရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ