ပဇီကြီးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်
လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ယနေ့ နေ့လယ် နှစ်နာရီခွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့သည့်အတွက် ဒေသခံနေအိမ်များ မီးလောင်ပျက်စီးမှုများရှိကြောင်း သိရသည်။