Month: April 2023

ဖားကန့်တွင် ဖျာရောင်းသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

ဖျာလိုက်လံရောင်းချသည့်ဈေးသည်တစ်ဦး ယမန်နေ့ နေ့လည် ၁ နာရီခန့်က ဖားကန့်မြို့နယ်၊ ကုဋေမှော်ကျေးရွာတွင် အသတ်ခံခဲ့ရကြောင်းသိရသည်။

ဖားကန့်တွင် ဒေသခံ ၈၀ ခန့်ကို စစ်ကောင်စီ အကြောင်းမဲ့ဖမ်းဆီး

ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး ဒေသခံ ၈၀ ခန့်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးသွားသည့် ဖားကန့်ဒေသခံအမျိုးသားကို တစ်လကျော်ကြာသည်အထိ ပြန်မလွတ်သေး

စစ်ကောင်စီတပ်က ဖားကန့်မြို့ရှိ အမျိုးသမီးစွမ်းရည်မြင့်တင်ရေး ကွန်ပျူတာသင်တန်းကျောင်းကို ဝင်ရောက်စီးနင်းစဉ် အကြောင်းမဲ့ဖမ်းဆီးသွားသည့် ရုံးစောင့်အမျိုးသားကို တစ်လကျော်ကြာသည်အထိ ပြန်လည်ပေးခြင်း မရှိကြောင်း သိရသည်။

သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ ၅၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူပေါင်းတပ်ဖွဲ့တို့ကြား သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က စစ်ရှောင် ဆယ်ဦးထက်မနည်း ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းက စစ်ရှောင်ပြည်သူ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဒီး‌မော့ဆိုမြို့နယ်တွင် NUG အစိုးရ၏ ယာယီတပ်စခန်းတစ်ခု တိုက်ခိုက်ခံရသောကြောင့် ရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည်နယ် ဒီး‌မော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ NUG အစိုးရ၏ အလယ်ပိုင်းတိုင်း ၁၁၀၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယာယီစခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ည ၁၁ နာရီခန့်က လေကြောင်းတိုက်ခိုက်

ချီဖွေမြို့နယ်ရှိ မြေရှားသတ္တုလုပ်ကွက်တွင် မြေပြိုပြီးနှစ်ဦးသေ

ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် မြေပြိုသောကြောင့် လူငယ်နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်မှ ဒေသခံအမျိုးသားနှစ်ဦးကို စစ်ကောင်စီသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဆင်ဖြူဆိပ်ကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦးကို ယမန်နေ့ မွန်းတည့် ၁၂နာရီခန့်က စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကိုမီးရှို့၊ ကျန်တစ်လုံးကိုဖျက်ဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၅ နာရီခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှ နေအိမ်နှစ်လုံးကို ဝင်ရောက်ဖျက်ဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းက သုံးရက်အတွင်း ခင်ဦးမြို့နယ်မှ နေအိမ် ၄၀၀ ထက်မနည်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်စုစုပေါင်း ၄၀၀ ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တောင်ပိုင်းတွင် ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်တွင်ပြန်ပေးဆွဲသည့်အဖွဲ့ကို နှစ်ရက်အတွင်း ဖမ်းဆီးရမိ

ကွတ်ခိုင်မြို့အတွင်း ပြန်ပေးဆွဲမှုကျူးလွန်ခဲ့သည့်အဖွဲ့ကို ကောင်းခါးမြို့တွင် ယနေ့နေ့လယ် ၅နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။