ဖျာလိုက်လံရောင်းချသည့်ဈေးသည်တစ်ဦး ယမန်နေ့ နေ့လည် ၁ နာရီခန့်က ဖားကန့်မြို့နယ်၊ ကုဋေမှော်ကျေးရွာတွင် အသတ်ခံခဲ့ရကြောင်းသိရသည်။

မည်သည့်အဖွဲ့က လာရောက်ပစ်သတ်သွားသည်ကို မသိကြောင်း ရုပ်အလောင်းကို မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“နားထင်ကနေ နားထိပေါက်သွားတယ်။ ဘယ်သူပစ်သွားလဲမသိဘူး” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ‌ဖျာနှင့် ခေါင်းဦးများကို ဆိုင်ကယ်ဖြင့် လိုက်လံရောင်းချနေသူဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူက တံမြက်စည်းတို့၊ ခေါင်းဦးတို့ ယပ်တောင်တို့ တိုလီမုတ်စလေးတွေ လိုက်ရောင်းတဲ့သူပေါ့မှော်တွေပတ်ပြီးတော့။ ဂန်းနဲ့ပစ်ခံလိုက်ရတာဟုတ်တယ်” ဟုပြောသည်။

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် ဧပြီ ၂၄ ရက်နေ့ကလည်း KPDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် အမည်မသိ အမျိုးသားတစ်ဦးတို့ အသတ်ခံခဲ့ရကြောင်းသိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ