မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ ၁၈ လယ်ကွင်းတွင် ယနေ့ နံနက် ကိုးနာရီခွဲခန့်က အမည်မသိ အမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးနေသော အမျိုးသား၏ ဘေးတွင် မူးယစ်း‌ဝါးသုံးစွဲထားသော ဆေးထိုးအပ်အများအပြားကိုတွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့သွားပြီး ကြည့်တဲ့အချိန်မှာတော့ လူက အသက်မရှိတော့ဘူး။ လူက မာပြီး အကုန်ကျုံ့နေပြီ။ ကြည့်ရတာတော့ မနေ့ကတည်းက သေနေတဲ့ ပုံစံ။ ဘာလို့ မူးယစ်ဆေးအလွန်သုံးတယ်လို့ပြောရတာလဲဆိုရင်ကတော့ အလောင်းဘေးမှာကလည်း ဆေးထိုးအပ်တွေ အခွံတွေကြီးပဲ။ ပြီးတော့ ဒီနေရာက မူးယစ်ဆေးသုံးတဲ့သူတွေလာနေကြပေါ့နော်။ ဒီဧပြီလထဲမှာတော့ ဒီဖြစ်စဉ်က ပထမဦးဆုံးပေါ့။ အရင်လတွေတော့ရှိတာပေါ့” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးပါ။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ငွေပျော်လမ်းမ အနောက်ဘက်ခြမ်းတွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲလွန်ကာ သေဆုံးခဲ့သည်။

သတင်း – Ma Di

ပုံ – လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ