KIA

ဝိုင်းမော်အခြေစိုက် ခ.မ.ရ ၃၂၁ တပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့ နံနက် ၁ နာရီခွဲခန့်က ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ကလည်း အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစခန်းနှစ်ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားတွင် စစ်ကောင်စီယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်

တန်ဖရဲကျေးရွာဘက်မှ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မြစ်ကြီးနားမြို့နယ်၊ လမုန်းဇွပ်ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ နေ့လယ် (၂) နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့်ထီးချိုင့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက်မှစတင်ကာ တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ရှေ့တန်းတပ်သားများအတွက် လေယာဉ်ပေါ်မှချပေးသော ထမင်းကြော်များသည် လွန်ခဲ့သည့် ၂ နှစ်ကျော်က ထမင်းကြော်ဖြစ်နေ

စစ်ကောင်စီတပ်က ၎င်းတို့ရှေ့တန်းစခန်းသို့ လေကြောင်းမှတစ်ဆင့် ချပေးခဲ့သော ထမင်းကြော်များသည် အာဏာသိမ်းခဲ့သည့်လက ထုတ်လုပ်ထားသော ထမင်းကြော်များဖြစ်နေကြောင်း

ရှမ်းမြောက်တွင် စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးခန့် အရှင်ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ဘက်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ယနေ့မွန်းလွှဲပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝိုင်းမော်မြို့နယ်တွင် KIA တစ်ဦးကျဆုံး

ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့ နံနက်ပိုင်းမှစတင်ကာတိုက်ပွဲအပြန်အလှန်ဖြစ်ပွားခဲ့သည့် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အင်းတော်တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA တစ်ဦးကျဆုံးကာ ပြည်သူတစ်ဦးလည်ကျည်ထိမှန်သေဆုံး

အင်းတော်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကာ ပြည်သူတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

မိုးမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများ၏ပစ္စည်းများကိုခိုးယူခဲ့ပြီး အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်း

ပြည်သူတို့၏ နေအိမ်တံခါးများကို ဖျက်ဆီးကာ ပစ္စည်းများ ခိုးယူခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးမောက်မြို့နယ်မှ အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က လိုင်လွမ်အောင်ဂျာအနီးတစ်ဝိုက်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်က ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းရှိ လိုင်လွမ်အောင်ဂျာကျေးရွာ အနီးတစ်ဝိုက်ကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းတွင် မူးယစ်ဆေးဝါးရောင်းချသည့်နေရာကို KIA ဝင်ရောက်စီးနင်း

မိုးညှင်းမြို့အရှေ့တောင်ဘက်ရှိ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသည့် နေရာတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။