KIA

ဖားကန့်တွင် စစ်ကောင်စီတပ်ကို KIA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်

ဖားကန့်မြို့၊ နန့်တိန်ကျေးရွာတွင် ယနေ့ညနေ ၄ နာရီခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်ပွား

ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

မံစီမြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ နံနက် ကိုးနာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

နမ့်ဖတ်ကာအခြေစိုက် ခ.လ.ရ (၁၂၃) ကို KIA အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ၏ ခ.လ.ရ (၁၂၃) အထိုင်တပ်ရင်းစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ညနေတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ ရွှေမင်းပြည်သူ့စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ယမန်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မဘိမ်းနဲ့မန်ဝိန်းကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးခန့် KIA ဖမ်းမိ

KIA ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းပိုင်းက မြို့တစ်မြို့နဲ့ ကချင်ပြည်နယ်က ကျေးရွာကြီးတစ်ရွာကို ဇန်နဝါရီလ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တောလျှိုတောင်ကြားထဲက နမ့်ဖတ်ကာစစ်ရှောင်တွေ အကူအညီလိုအပ်နေ

KIA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာကဒေသခံပြည်သူ တစ်ထောင်ကျော်ဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ https://youtu.be/beFygRMF1nY?feature=shared

ဖားကန့်မြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIA တိုက်ခိုက်၊ မတရားငွေကောက်ခံသဖြင့် တိုက်ခိုက်သင့်သည်ဟု ဒေသခံများဆို

ဖားကန့်မြို့ လဝါးကျေးရွာအနီးရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်(KIA) က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်က ပြည်သူ့စစ်စခန်းနှစ်ခုကို KIA တစ်ပြိုင်တည်း တိုက်ခိုက်

ဝိုင်းမော်မြို့နယ်မှ ဦးရွှေမင်းပြည်သူ့စစ်စခန်းနှင့် တာလောကြီးပြည်သူ့စစ်စခန်းနှစ်ခုကို ယနေ့ နံနက် ငါးနာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က တစ်ပြိုင်တည်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ဓားပြမှုကျူးလွန်သူများနှင့်ပတ်သက်သည့် အမျိုးသားတစ်ဦးကို KIA ပစ်ခတ်ဖမ်းဆီး

ဖားကန့်မြို့နယ်တွင် ဓားပြမှုနှင့် ခြိမ်းခြောက်ငွေညစ်မှုကျူးလွန်ခဲ့သူများနှင့် ဆက်စပ်သည့်အမျိုးသားတစ်ဦးကို KIA က ယမန်နေ့ညနေတွင် ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်နိုင်ချေရှိသဖြင့် ဖားကန့်မြို့ခံအချို့ကို ပြောင်းရွှေ့ခိုင်း

စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားသော ဖားကန့်မြို့ရှိ ဘုရားကုန်းအနီးတွင် နေထိုင်သူများကို ယခုလ နိုဝင်ဘာ (၂၅) ရက်နေ့ နောက်ဆုံး ပြောင်းရွှေ့ခိုင်းနေကြောင်းသိရသည်။

စစ်ကောင်စီတပ်က စစ်ရေးအထိနာစဉ် KIA အလိုမရှိကြောင်း ဆန္ဒပြသူအချို့ထွက်ပေါ်လာ

စစ်ကောင်စီတပ်က စစ်ရေးအထိနာနေသည့်အချိန်တွင် KIA အလိုမရှိကြောင်း ဆန္ဒပြသူအချို့ထွက်ပေါ်လာပြီး နိုဝင်ဘာလ ၉ ရက်နေ့က မြစ်ကြီးနားမြို့ရှိမနောင်ကွင်းတွင် ဆန္ဒပြနေစဉ် တာဝန်ရှိသူများသွားရောက်မေးမြန်းသည်နှင့် ကစဉ့်ကလျားထွက်ပြေးသွားကြသည်။