Month: December 2023

ကချင်ပြည်နယ်ရဲ့ တစ်နှစ်တာအတွင်း ထူးခြားဖြစ်စဉ်များ

၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ကချင်ဒေသတွင် ထူးခြားဖြစ်စဉ်အများအပြားရှိခဲ့ပြီး သတ္တုတူးဖော်ရေးစီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြမှုများ၊ စစ်ကောင်စီတပ်၏ အရေးပါသည့် စခန်းများတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရမှုများ၊ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူများအစုလိုက်အပြုံလိုက် သေဆုံးမှုများအပြင် စစ်ကောင်စီတပ်၏...

ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွင် သက်ကြီးရွယ်အို အများစုပါဝင်နေ

KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဘော်ဆာဒီဌာနေပြည်သူ့စစ်တပ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်နေပြီး အသက် ၇၀ ကျော်အရွယ်တွေလည်း ပါဝင်နေပါတယ်။  

ဖားကန့်မြို့တွင် တံတားတစ်စင်း မိုင်းခွဲခံရ

ဖားကန့်မြို့၊ ဆိပ်မူကျေးရွာရှိ တံတားတစ်စင်းကို အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက ယနေ့ နံနက် (၁၂) နာရီဝန်းကျင်ခန့်တွင်မိုင်းခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIA တိုက်ခိုက်၊ မတရားငွေကောက်ခံသဖြင့် တိုက်ခိုက်သင့်သည်ဟု ဒေသခံများဆို

ဖားကန့်မြို့ လဝါးကျေးရွာအနီးရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်(KIA) က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့မှ တအောင်းလူမျိုးများ တိမ်းရှောင်ရန် TNLA ညွန်ကြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအောင်းလွတ်မြောက်ရေးတပ် (TNLA) က ရပ်ကွက်အတွင်းမှ ပြောင်းရွှေ့ရန် လိုက်လံ‌ပြောဆိုနေသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် ပျူစောထီးအဖြစ်စုဆောင်းခံရသော ညီအစ်ကို နှစ်ဦး မိသားစုဝင်များနှင့်အတူ အလင်းဝင်

ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦး မိသားစုနှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထံ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မန်တုံတွင် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များပျက်စီး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းအပါအဝင် ဒေသခံပြည်သူတို့၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ကြေညာခဲ့သည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသဖြင့် မူဆယ်မြို့အဝင်ကို စစ်ကောင်စီတပ်ပိတ်ထား

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ထိန်းချုပ်ထားသော ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ မူဆယ်မြို့သို့ ဝင်ရောက်ခွင့် စစ်ကောင်စီတပ်က ပိတ်ထားကြောင်း သိရသည်။

KIA က တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ဘော်ဆာဒီဌာနေပြည်သူ့စစ်တပ်ဖွဲ့တွင် အသက်ကြီးသူအများစုပါဝင်နေ

ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပြည်သူ့စစ်စခန်းများမှ တပ်ဖွဲ့ဝင်များတွင် သက်ကြီးရွယ်အိုတပ်ဖွဲ့ဝင်များအများစုပါဝင်နေပြီး စစ်ကောင်စီတပ်က အသုံးမပြုတော့သည့် လက်နက်များကို တပ်ဆင်ပေးထားကြောင်း သိရသည်။

တာဝါတိုင်ကုန်းတိုက်ပွဲတွင် လေကြောင်းမှဗုံးကြဲခဲ့ကြောင်း ဖမ်းဆီးခံစစ်ကောင်စီလေယာဉ်မှူးပြော

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကဖမ်းဆီးရမိထားသည့် စစ်ကောင်စီ လေယာဉ်မှူးခိုင်သန့်မိုးက မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးရှိ စလောင်းကုန်း ဒေသအခေါ်(တာဝါတိုင်ကုန်း) တိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ဝန်ခံပြောဆိုခဲ့သည်။