Month: December 2023

လားရှိုးတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ကလေးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ယမန်နေ့ နံနက်က ဒရုန်းဖြင့်ဗုံးကြဲခံရသောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

KIA က ပြည်သူ့စစ်စခန်းတွေကို တစ်ချိန်တည်းမှာတိုက်ခိုက်၊ ရှမ်းမြောက်မှာ မြို့ ၉ မြို့အထိ သိမ်းပိုက်ထား

ပြည်သူ့စစ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရလို့ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ တစ်ချိန်တည်းမှာပဲ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့နဲ့လိုင်ဇာမြို့တို့ကို အကြောင်းမဲ့ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။    

မော်လူးမြို့တွင် NUG ၏ အုပ်ချုပ်ရေးယန္တရား ခိုင်မာစွာလည်ပတ်နိုင်ရန် ဆက်လက်လုပ်ဆောင်နေ

တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းယူထားသည့် မော်လူးမြို့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ အုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာစွာဖြင့် လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

သားဖအချင်းချင်းစကားများရန်ဖြစ်ရာမှ ဓာတ်ဆီလောင်းမီးရှို့သဖြင့် နှစ်ဦးစလုံးသေ

သားအဖနှစ်ဦးစကားများရန်ဖြစ်ရာမှာ အချင်းချင်းဓာတ်ဆီလောင်းမီးရှို့ခဲ့ကြသောကြောင့် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်တွင် သားအဖနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခိုင်တံတားစခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၀ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့ အင်ခါဂါးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး

ပူတာအိုမြို့နယ် မချမ်းဘော့မြို့၊ အင်ခါဂါးကျေးရွာမှ စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက KIA တပ်ဖွဲ့ပစ်ခတ်မည်ကို စိုးရိမ်ပြီး ယခုအပတ်အတွင်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။

အပစ်ရပ်ရေးသဘောတူညီမှုရယူထားသော်လည်း စစ်ကောင်စီတပ်စခန်းနှင့် မြို့များဆက်တိုက်သိမ်းပိုက်ခံရ

စစ်ကောင်စီဘက်က ဘာတွေလိုက်လျောပေးခဲ့ရသလဲဆိုတာကို အသေးစိတ်မသိရသေးပေမဲ့ ဆွေးနွေးမှုအပြီး ၁၅ ရက်တာအပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တာဟာ မဟာဗျူဟာအရရော၊ နည်းဗျူဟာအရပါအဘက်ဘက်က ကျရှုံးနေတဲ့ စစ်ကောင်စီတပ်အတွက် အသက်ရှူချောင်သွားစေတဲ့ ‘တိုင်းမ်အောက်’ (timeout) ဒါမှမဟုတ်...

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်ဘိုတွင် နှစ်ဦးသေဆုံး၊ သံဃာတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

KIA ကပြည်သူ့စစ်စခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တာလောကြီးကျေးရွာအနီးရှိ ဆင်ဘိုမြို့နယ် ဆွမ်ဒူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှလေးကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူနှစ်ဦးသေဆုံးခဲ့ပြီး သံဃာတော်တစ်ပါးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းပိုက်ခံရစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများက ငိုယိုပြီး တပ်စခန်းသို့လိုက်ပို့ခိုင်းသည်ဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပြည်သူ့စစ်စခန်းမှ ထွက်ပြေးလာသူဟု ယူဆရသည့် တပ်သားရှစ်ဦး ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများကို စစ်ကောင်စီတပ်သို့လိုက်ပို့ခိုင်းခဲ့ကြောင်း သိရသည်။

စစ်ရေးတင်းမာနေသည့် ဝိုင်းမော်မြို့နယ်တွင် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်၊ အရေးပေါ်လူသားချင်းစာနာမှုအကူအညီများလိုအပ်နေ

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိသည့် ဝိုင်းမော်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ရွှေညောင်ပင်ကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နမ့်ခမ်းတိုက်ပွဲတွက် TNLA ၅၀ နီးပါးကျဆုံး၊ စစ်ကောင်စီဗိုလ်မှူးအလောင်းလည်းတွေ့

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့သိမ်းတိုက်ပွဲတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)မှ တပ်ဖွဲ့ဝင် ၄၉ ကျဆုံးပြီး ၁၄၅ ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေသော်လည်း မြစ်ကြီးနားတွင် ဂီတပွဲတော်ကျင်းပရန်ပြင်ဆင်နေ

ကချင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများမကြာမဏဖြစ်ပွားနေသော်လည်း Dragon Music Festival ဟုအမည်ပေးထားသည့် ဂီတပွဲတော်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့ မိုးလုံလေလုံကွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။