ကချင်ပြည်နယ်

ကချင်ပြည်နယ်တွင် တစ်ပတ်အတွင်း သိန်းတစ်ထောင်ကျော်ဖိုး မူးယစ်ဆေးဝါးများဖမ်းမိသည်ဟုဆို

ကချင်ပြည်နယ်တွင် တစ်ပါတ်အတွင်း ငွေကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမှု ငါးမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ (CCDAC Myanmar) ၏ အချက်အလက်များအရ သိရသည်။

ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဘေးက ရွှေဖောင်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ရပ်နားထားသည့် ဒေသအခေါ်ရွှေမော်တော် (ရွှေဖောင်)များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီခန့်မှ စတင်မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။

စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောများ ဗန်းမော်ရောက်ရှိပြီးနောက် လုံခြုံရေးတင်းကြပ်

စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောများ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည့် ရက်ပိုင်းအတွင်း လုံခြုံရေးတင်းကြပ်ထားကာ ရှောင်တခင်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာသည်ဟု ဒေသခံများထံမှ သိရသည်။

လင်မယားရန်ဖြစ်ပြီး ဓားထိုးမိသဖြင့် ခင်ပွန်းဖြစ်သူသေဆုံး၊ ချော်လဲပြီး သုံးချက်ထိုးမိသည်ဟု ဇနီးဖြစ်သူထွက်ဆို

လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့က ၈ နာရီခန့်က မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ရေးတင်းမာနေသည့် ဒေသအတွင်း ပြည်သူများ သတိထားသွားလာရန် KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံပြော

ကချင်ပြည်နယ်ရှိ ဒေသအချို့တွင် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံပြည်သူများကို သတိထားသွားလာရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက အသိပေးပြောကြားသည်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က KIA တပ်ဖွဲ့ဝင်နှစ်ဦးကိုဖမ်းဆီး

မင်းဇင်သန့်ဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဝိုင်းမော်တွင် ဆီသယ်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံး

ဆီသယ်ကားနှင့် ဆိုင်ကယ်တစ်စီး မတော်တဆတိုက်မိသဖြင့် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ဝိုင်းမော်မြို့နယ်တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ပုပ်ပွနေသည့် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေ့ရှိ

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ည ၆ နာရီခန့်က ပုပ်ပွနေသည့် ပိုင်ရှင်မဲ့အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားရှိ တည်းခိုခန်းတစ်ခုကို စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ပြီး အမျိုးသားနှစ်ဦးဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုကို ယမန်နေ့ည ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးနှစ်ဦးကို ကားတိုက်သဖြင့် သေဆုံး

ဝိုင်းမော်မြို့နယ်တွင် ကားတိုက်သဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးမှု ယနေ့နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။