Month: June 2023

ဖားကန့်တွင် မြေမြုပ်မိုင်းနင်းမိသောကြောင့် အမျိုးသားနှစ်ဦး ခြေထောက်ပြတ်ရှဒဏ်ရာရရှိ

မြေမြုပ်မိုင်းနင်းမိသောကြောင့် ဖားကန့်မြို့နယ် စံပြကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦး ယမန်နေ့ ညနေ သုံးနာရီခန့်က ခြေထောက်ပြတ်ရှ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မချမ်းဘော့တွင် မြေပြိုသဖြင့်လမ်းပိတ်နေပြီး စားနပ်ရိက္ခာပြတ်လပ်သွားနိုင်သဖြင့် အမြန်ပြုပြင်ပေးရန်ဒေသခံများလိုလား

မြေပြိုမှုကြောင့် ၁၀ ရက်ကျော်ကြာ လမ်းပိတ်နေသည့် မချမ်းဘော့မြို့နယ် ဒိန်ချက်ကျေးရွာလမ်း အမြန်ပြုပြင်ခြင်းမရှိပါက ဒေသခံများ စားနပ်ရိက္ခာပြတ်လပ်သွားနိုင်ကြောင်း သိရသည်။

ဝက်လက်တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံး

စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဝက်လက်မြို့နယ်တွင် ယမန်နေ့က နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မိုးညှင်းတွင် ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ထောက်ဓားပြတိုက်မှုဖြစ်ပွား

ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ထောက်ကာ ဓားပြတိုက်မှု မိုးညှင်းမြို့၊ နားခါမြောက်ရပ်ကွက်တွင် ယမန်နေ့နေ့လယ် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စိတ်ကျန်းမာရေးချို့ယွင်းနေသည့်အမျိုးသမီးတစ်ဦးလှည့်လည်နေထိုင်သောကြောင့် ရပ်ကွက်နေပြည်သူများ အခက်တွေ့နေ

စိတ်ကျန်းမာရေးချို့ယွင်းနေသည့် အမျိုးသမီးတစ်ဦး ဝိုင်းမော်မြို့၊ အမှတ် ၃ ရပ်ကွက်တွင် လှည့်လည်နေထိုင်နေပြီး တစ်လကျော်ကြာသည်အထိ မိသားစုဝင်များက လာရောက်ခေါ်ယူခြင်းမရှိသောကြောင့်

တနိုင်းတွင် စစ်ကောင်စီတပ်စခန်းဆောက်လုပ်ရန် ဒေသခံမြေယာများကို သိမ်းဆည်းပြီး လမ်းပိတ်ထား

တနိုင်းမြို့နယ် နန့်ဖြတ်ယန်ကျေးရွာမှ စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ နေထိုင်သည့်နေရာကို စစ်ကောင်စီတပ်က တပ်စခန်းဆောက်လုပ်ရန် ပြောင်းရွှေ့ခိုင်းပြီး အများပြည်သူသွားလာနေသော လမ်းကိုလည်း ပိတ်ထားကြောင်း သိရသည်။

ဝိုင်းမော်တွင် ကလေးတစ်ဦးလမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး သေဆုံး

လမ်းဘေးတွင်ဆော့ကစားနေသည့်ကလေးတစ်ဦး ကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး ယမန်နေ့ညနေ ၆ နာရီခွဲခန့်က ဝိုင်းမော်မြို့နယ်တွင် သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့က ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာတွင် ဘုန်းကြီးတစ်ပါအပါအဝင် ၁၀ ဦးသေဆုံ (ဓါတ်ပုံ)

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့က ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာတွင် ဘုန်းကြီးတစ်ပါအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့သည်။ သတင်းအပြည့်အစုံကို The 74 Media...

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်စခန်းက အများပြည်သူသွားလမ်းကို ဖျက်ဆီး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ အများပြည်သူပိုင်ကားလမ်းမကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေကော်ကားဖြင့် ယမန်နေ့က လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

ချီဖွေမြို့နယ်ရှိစစ်ရှောင်စခန်းများတွင် နာမကျန်းဖြစ်သူများပြီး ဆေးဝါးအကူအညီလိုအပ်နေ

ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေသော ချီဖွေမြို့ရှိ စစ်ရှောင်စခန်းနှစ်ခုတွင် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့သောကြောင့် ပုလဲတွင် ဘုန်းကြီးတစ်ပါးအပါအဝင် ကိုးဦးသေ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယနေ့ မွန်းလွှဲ ၃ နာရီခွဲခန့်က ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာမှ ဘုန်းကြီးတစ်ပါးနှင့် ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့

မုံရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီပစ်သတ်

သူခိုးဖမ်းဆီးခေါ်ဆောင်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီခန့်က မုံရွာမြို့တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။