Month: June 2023

ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်းတွင် မြေပြိုသဖြင့် လမ်းပိတ်ပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်

ကမ်းပါးပြိုကျပြီး ပူတာအို – ခေါင်လန်ဖူး လမ်းပိတ်ဆို့နေသောကြောင့် ခေါင်လန်ဖူးမြို့နယ်အတွင် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး အချိန်ကြာလာပါက စားသောက်ကုန်များ ပြတ်လပ်သွားနိုင်ကြောင်း သိရသည်။

ကလေးတွင်နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကျအဆုံးရှိ

စစ်ကောင်စီတပ်ဖွဲ့နှင့် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ယမန်နေ့ညနေ ၃ နာရီခန့်က ကလေးမြို့နယ်၊ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ CNDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

မြောင်တွင် တော်လှန်ရေးစခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင်သုံးဦးကျဆုံး

မြောင်မြို့နယ်တွင် ယနေ့နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေ့

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းကို‌ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် စစ်ကောင်စီတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နမ္မတီးတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံး

ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုကြောင့် နမ္မတီးမြို့တွင် ယနေ့နံနက် ၇ နာရီခန့်က အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ပုပ်ပွနေသည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

ဖားကန့်မြို့ ဆိုင်းဂျာဘွမ်ကျေးရွာအနီးမှ YTD လုပ်ကွက်စွန့်ပစ်မြေစာပုံအနီးရှိ နွံကန်တွင် ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။ သေဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ရေမဆေးသမားတစ်ဦး၏...

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုတွင် အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့ နံနက် ၄ နာရီခန့်က ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦး

နောင်မွန်းတွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် မူလတန်းကျောင်းဝင်းတွင် မြေပြို

ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နောင်မွန်းမြို့နယ်ရှိ ကဆန်ချောင်းရေကြီးလာသောကြောင့် အနီးရှိ အမှတ် (၁) အခြေခံပညာ မူလတန်းကျောင်းဝင်း မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်တွင် ကိုးကန့် (MNDAA) တပ်က ဒေသခံတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

ကိုးကန့် (MNDAA) တပ်က ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးလွန်ပြီး သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

ဆေးလွန်ကာ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဝိုင်းမော်မြို့နယ် နန့်ဝါကျေးရွာတွင် ယနေ့နံနက် ၉ နာရီခန့်က ‌တွေ့ရှိခဲ့ကြောင်း သိရသည်။