ကာမိုင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့နံနက် ၈ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

ကောင်ရာရပ်ကွက်ရှိ မူလတန်းကျောင်းရှေ့မှ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ကိုပြောသည်။

“စစ်တပ်တွေထိုင်တဲ့ဂိတ်မှာ ဗုံးပေါက်တာ ကလေးတွေ ကျောင်းသွားတဲ့အချိန် ရောက်တဲ့သူတွေကိုက ကျောင်းမှာပဲနေခိုင်းပြီး မရောက်သေးတဲ့ကလေးတွေကို အိမ်မှာပဲနေနေခိုင်းထားကြတာ။ မိုင်းထောင်ထားတာထင်တယ်” ဟုပြောသည်။

မည်သည့်အဖွဲ့က လာရောက်ဗုံးခွဲသွားသည်ကို မသိရှိကြောင်းနှင့် တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဘာမှမဖြစ်ဘူး ကောင်ရာစာသင်ကျောင်းနားမှာ လမ်းဘေးမှာဖြစ်သွားတာ။ စစ်တပ်က တစ်ခါတစ်လေ လာထိုင်တဲ့နေရာမှာဖြစ်သွားတယ်။ စစ်တပ်ကလည်း ဘာမှမဖြစ်ဘူး ရွာသားတွေလည်း ဘာမှမဖြစ်ဘူး။ သေနတ်လည်း မဖောက်ဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့က ကားမိုင်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – Network Media Group (ကာမိုင်း-လဝါးလမ်းဆုံရှိ ဂိတ်)

သင့်ထင်မြင်ချက်ရေးပေးပါ