ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းကို‌ တွေ့ရှိခဲ့ကြောင်း သိရသည်။

မိုင်းနား KBC စစ်ရှောင်စခန်းအရှေ့ဘက် တစ်ဖာလုံခန့်အကွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိသေးကြောင်း မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိတစ်ဦးက The 74 Media ကိုပြောသည်။

“ဘာကြောင့်သေမှန်းတော့ မသိသေးဘူး။ သေနေတာလည်း သုံးရက်လောက်ရှိပြီဆိုတော့ အနံ့လည်း နည်းနည်းထွက်နေပြီ။ မူးယစ်ဆေးကြောင့်သေဆုံးနေတယ်လို့တော့ သုံးသပ်ပါတယ်” ဟုပြောသည်။

 

လက်ရှိ ရုပ်အလောင်းကို ဝိုင်းမော်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ပြီးပါက သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

သေဆုံးနေသူမှာ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် နန့်ဝါကျေးရွာအနောက်ဘက်ရှိ လယ်ကွက်တွင်လည်း ပြီးခဲ့သည့် ဇွန် ၂၂ ရက်နေ့က ဆေးလွန်ကာ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်။

သတင်း – HN

ဓာတ်ပုံ – မွန်မြတ် စေတနာလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ