ဝါရှောင်ကျေးရွာအနီးရှိ ၁၃ မိုင်ဂိတ်အနီးတိုက်ပွဲဖြစ်၊ ဂိတ်ရှိ ရဲအားလုံးထွက်ပြေး

ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ် (ဒေသအခေါ် ၁၃ မိုင်ဂိတ်) အနီး ယနေ့နံနက် ၆ နာရီခန့်မှ စတင်ကာ နှစ်နာရီအကြာ တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် လေတပ်စခန်းရှိသည့် အလယ်မော်ဖောင်းကျေးရွာ၌ ယနေ့နံနက် ၈ နာရီခန့်က လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲဲခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါနေအိမ်တွင်နေထိုင်သည့် ပြည်သူတစ်ဦးလက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

အမျိုးသားညီညွတ်ရေးအစိုးရတွင်ပါဝင်ရန် ရခိုင့်တပ်တော် (AA) ကို ကမ်းလှမ်းခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြေ

အမျိုးသားညီညွတ်ရေးအစိုးရတွင်ပါဝင်ရန် ရခိုင့်တပ်တော် (AA) ကို ကမ်းလှမ်းခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏တွီတာလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားလိုက်သည်။