ဗိုလ်ချုပ်ထွန်းမြတ်နိုင်

အမျိုးသားညီညွတ်ရေးအစိုးရတွင်ပါဝင်ရန် ရခိုင့်တပ်တော် (AA) ကို ကမ်းလှမ်းခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏တွီတာလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားလိုက်သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်

သူ၏တွီတာစာမျက်နှာတွင် “ငါတို့ကို ဂရုတစိုက်နဲ့ခေါ်ပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်မပါလိုက်တာပါ။ သူတို့ကို အပြစ်ပြောစရာ မလိုအပ်ပါ” ဟု ရေးသားထားသည်။

ယနေ့ထုတ်ပြန်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရတွင် ကချင်လူမျိုးသုံးဦးပါဝင်ပြီး တိုင်းရင်းသားလူမျိုးပိုမိုစုံလင်စွာဖြစ်လာစေရန်လုပ်ဆောင်မည်ဟု CRPH က ကြေညာထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ