ဝါရှောင်ကျေးရွာအနီး တိုက်ပွဲဖြစ်

ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ် (ဒေသအခေါ် ၁၃ မိုင်ဂိတ်) အနီး ယနေ့နံနက် ၆ နာရီခန့်မှ စတင်ကာ နှစ်နာရီအကြာ တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိရသည်။

 

၁၃ မိုင်ဂိတ်နှင့် ဘွမ်တောင်တွင် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဝါရှောင်ဒေသခံတစ်ဦးက ပြောသည်။
“စစ်ကြောင်းထိုးလာတယ်လို့ပြောတာ ကြားမိတယ်၊ ဒီမနက် ၆ နာရီလောက်ကနေ သေနတ်သံတွေ စကြားရတယ်၊ ဒီ ၁၃ မိုင်ဂိတ်မှာ အဓိက ပစ်ကြတာပေါ့၊ နှစ်နာရီလောက်တော့ ကြာနိုင်တယ်၊ ဂိတ်ကရဲတွေ အကုန်ပြေးပြီ” ဟု ပြောသည်။
အထိအခိုက်အကျအဆုံးကို မသိရှိကြောင်း သူက ဆက်ပြောသည်။
“ဘယ်ဘက်က ဘယ်လောက်ထိသွားလဲ မသိဘူးဗျ၊ ကျွန်တော်တို့လည်း ကြောက်လို့အပြင်မထွက်တော့ မကြားမိသေးဘူး၊ လမ်းတော့ ပြန်ဖွင့်ပြီပြောတယ်” ဟု ဆိုသည်။
ဝါရှောင်ကျေးရွာသည် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာကြီးတစ်ခုဖြစ်ပြီး ရှမ်းနှင့် ကချင်လူမျိုး အများစုနေထိုင်ကြသည်။

ဓာတ်ပုံဟောင်းအသုံးပြုထားသည်။

ဘွမ်တောင်တိုက်ပွဲသတင်းဖော်ပြပြီး။

သင့်ထင်မြင်ချက်ရေးပေးပါ